ရုပ်ရှင်၊ ဟာသသရုပ်ဆောင် ဦးစိုးနိုင်(ခ) ဦးသိန်းဇံ၏ ဈာပနကို သန်လျင်မြို့ရှိ အမိုးနီသုသာန်တွင် ယနေ့ နေ့လယ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရုပ်ရှင်၊ ဟာသသရုပ်ဆောင် ဦးသိန်းဇံသည် ပြီးခဲ့သည့် ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့) နံနက် ၄ နာရီက ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ကွယ်လွန်ချိန်တွင် ဦးသိန်းဇံသည် အသက်အရွယ်အားဖြင့် ၆၁ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ကွယ်လွန်သူ ရုပ်ရှင်၊ ဟာသသရုပ်ဆောင် ဦးသိန်းဇံ၏ ရက်လည်ဆွမ်းသွပ်ကို မနက်ဖြန် ဧပြီ ၁၆ ရက်(သင်္ကြန်အတက်နေ့) တွင် ပြုလုပ်မည်ဖြစ်သည်။















