စပိန်ကွင်းလယ်ကစားသမား ရိုဒရီကို မန်စီးတီးအသင်း စာချုပ်သစ်အတွက် ကမ်းလှမ်းထား

စပိန်ကွင်းလယ်ကစားသမား ရိုဒရီကို မန်စီးတီးအသင်း စာချုပ်သစ်အတွက် ကမ်းလှမ်းထား
Photo: X
Photo: X
Published 3 April 2026

မန်စီးတီးအသင်းဟာ စပိန်ကွင်းလယ်ကစားသမား ရိုဒရီကို စာချုပ်သစ်အတွက် တရားဝင်ကမ်းလှမ်းမှုပြုလုပ်ထားပြီဖြစ်ကြောင်း သိရပါတယ်။

ရိုဒရီ(၂၉ နှစ်)ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ မှာ ကုန်ဆုံးမှာဖြစ်ပြီး ရီးယဲလ်အသင်းကို ပြောင်းရွှေ့ကစားလိုတဲ့သဘောမျိုး ပြောကြားမှုပြုလုပ်ခဲ့တာကြောင့် မန်စီးတီးအသင်းက သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

၂၀၁၉ နွေရာသီမှာ အက်သလက်တီကိုကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ရိုဒရီက စပိန်မြေမှာ ပြန်ကစားလိုကြောင်းနဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းတွေရဲ့ ကမ်းလှမ်းခြင်းခံရရင် ငြင်းပယ်နိုင်မှာမဟုတ်ကြောင်း ပြောကြားခဲ့တာပါ။

ဒါကြောင့် မန်စီးတီးအသင်းက စာချုပ်သစ်အတွက် ကမ်းလှမ်းလိုက်ခြင်းဖြစ်သလို ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်မလွှတ်ရစေဖို့အတွက် တခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုကိုလည်း လာမယ့်နွေရာသီမှာ လက်ခံစဉ်းစားသွားဖွယ်ရှိကြောင်း သိရပါတယ်။

ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ခံစစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ရိုဒရီဟာ မန်စီးတီးအသင်းအတွက် ပွဲ(၃၀၀)နီးပါး ကစားထားပြီး ၂၀၂၄ ခုနှစ်မှာ Ballon d'Or ဆုလည်း ရယူနိုင်ခဲ့ပါတယ်။

Most Read

Most Recent