အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ဧပြီ ၇ ရက်မှစတင်၍ မြစ်ကြီးနားနှင့် ပူတာအိုမြို့များသို့ လေကြောင်းခရီးစဉ်များ ပြန်လည်ပျံသန်းမည်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ဧပြီ ၇ ရက်မှစတင်၍ မြစ်ကြီးနားနှင့် ပူတာအိုမြို့များသို့ လေကြောင်းခရီးစဉ်များ ပြန်လည်ပျံသန်းမည်
Published 3 April 2026

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ဧပြီ ၇ ရက်မှစတင်၍ မြစ်ကြီးနားနှင့် ပူတာအိုမြို့များသို့ လေကြောင်းခရီးစဉ်များပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

(MAI) က ရန်ကုန်မှ မြစ်ကြီးနားသို့ တစ်ပတ်လျှင် နှစ်ကြိမ်၊ အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင်လည်းကောင်း၊ ရန်ကုန်မှ ပူတာအိုသို့ တစ်ပတ်လျှင် တစ်ကြိမ်၊ အပတ်စဉ် သောကြာနေ့များတွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့သို့ ဧပြီ ၄ ရက်နှင့် ပူတာအိုမြို့သို့ ဧပြီ ၅ ရက်မှစ၍ လေကြောင်းခရီးစဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ မင်္ဂလာလေကြောင်း၊ မန်းရတနာပုံလေကြောင်းနှင့် အဲသံလွင် လေကြောင်းလိုင်းတို့အနေဖြင့် ပျံသန်းပြေးဆွဲလျက်ရှိသည့် ပြည်တွင်းခရီးစဉ်များအနက် ဦးစားပေးပြေးဆွဲရန် စီစဉ်ထားသည့် ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ ကော့သောင်းမြို့၊ ကျောက်ဖြူမြို့၊ စစ်တွေမြို့၊ ကလေးမြို့၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့များ မတ် ၂၅ ရက်မှစ၍ ပျံသန်းပြေးဆွဲနေကြောင်း သိရသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့သို့ ဧပြီ ၄ ရက်တွင်လည်းကောင်း၊ ပူတာအိုမြို့သို့ ဧပြီ ၅ ရက်တွင်လည်းကောင်း စတင်၍ ပုံမှန်ပြန်လည်ပြေးဆွဲရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent