■ ပထမဆုံး India အမှတ်တံဆိပ် SKD EV နှစ်ဘီးနှင့် သုံးဘီးယာဉ်များ တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ ကရင်ပြည်နယ်တွင် ဖွင့်လှစ်

■ ပထမဆုံး India အမှတ်တံဆိပ် SKD EV နှစ်ဘီးနှင့် သုံးဘီးယာဉ်များ တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ ကရင်ပြည်နယ်တွင် ဖွင့်လှစ်
Published 28 March 2026

ပထမဆုံး India အမှတ်တံဆိပ် SKD EV နှစ်ဘီးနှင့် သုံးဘီးယာဉ်များ တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ ကရင်ပြည်နယ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းစက်ရုံဖွင့်ပွဲကို မတ် ၂၇ ရက်က ကရင်ပြည်နယ် ဘားအံစက်မှုဇုန် စုရပ်အမှတ် (၁) အကွက်အမှတ် (၃၈) အဆိုပါစက်ရုံရှေ့၌ ကျင်းပခဲ့သည်။

စက်ရုံဖွင့်ပွဲသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

အဆိုပါစက်ရုံကို Arrow Auto Engineering Co., Ltd မှ တည်ထောင်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး India အမှတ်တံဆိပ် SKD စက်ရုံ ဖြစ်ကာ ကမ္ဘာ့နံပါတ် (၁) Bajaj အမှတ်တံဆိပ်၏ India Premium Brand အဖြစ်EV နှစ်ဘီးနှင့် သုံးဘီး မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ စက်ရုံကို ပြည်ပရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံဖြင့် နှစ်ဘီး၊ သုံးဘီးယာဉ်နှင့် EV ယာဉ်များကို SKD စနစ် တပ်ဆင်ထုတ်လုပ်၍ တစ်နိုင်ငံလုံးသို့ ဖြန့်ချီသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစက်ရုံသည် မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်မော်တော်ယာဉ် (EV) ကဏ္ဍ တိုးတက်ရေးအတွက် အရေးပါသော အဆင့်တစ်ရပ်ဖြစ်ပြီး ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent