ထိုင်းနိုင်ငံ၊ ရနှောင်းမြို့၊ IDC လဝက အကျဉ်းထောင်မှလွတ်ရက်စေ့မြန်မာနိုင်ငံသား ၈၉ ဦးကိုကော့သောင်းမြို့သို့ ပြန်ပို့

ထိုင်းနိုင်ငံ၊ ရနှောင်းမြို့၊ IDC လဝက အကျဉ်းထောင်မှလွတ်ရက်စေ့မြန်မာနိုင်ငံသား ၈၉ ဦးကိုကော့သောင်းမြို့သို့ ပြန်ပို့
Published 26 March 2026

ထိုင်းနိုင်ငံ၊ ရနှောင်းမြို့၊ IDC လဝက အကျဉ်းထောင်မှလွတ်ရက်စေ့မြန်မာနိုင်ငံသား ၈၉ ဦးကို မြန်မာနိုင်ငံ၊  ကော့သောင်းမြို့သို့ မတ်လ ၂၅ ရက်နေ့က  ပြန်ပို့ခဲ့ကြောင်းသိရသည်။

လွတ်ရက်စေ့ လွတ်မြောက်လာသူမြန်မာရွှေ့ပြောင်းလုပ်သား များကို၂၀၂၆ ခုနှစ်၊မတ်လ ၂၅ ရက်တွင်တနင်္သာရီတိုင်းဒေ သကြီး၊ကော့သောင်းမြို့၊ရွှေဝက်ဝံတံတားသို့ကျား ၆၈ ဦး၊ မ ၂၁ ဦး၊ပေါင်း ၈၉ ဦးတို့အား ရနောင်းမြို့အခြေစိုက်အလုပ် သမားသံအရာရှိ ဦးအောင်စိုးသန်းဦးဆောင်၍ ပဲ့ချိတ်စက်လှေ ၆ စီးဖြင့် လာရောက်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ပြန်လည်ရောက်ရှိလာသောမြန်မာနိုင်ငံသားများကို ခရိုင်/မြို့နယ်တာဝန်ရှိသူများကကြိုဆိုလက်ခံပြီး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိ/မရှိ စစ်ဆေးခြင်း၊ကိုယ်ရေးအချက် အလက်များရယူခြင်း၊အမည်မည်းစာရင်းတွင်ပါဝင်သူများ၊ လူကုန်ကူးမှုဖြင့်အလိုရှိသူများနှင့်လူကုန်ကူးခံရသူများ၊စစ် ပြေး/ရဲပြေး/ရဲဘက်ပြေး/ဝရမ်းပြေး/တရားခံပြေးများ နိုင်ငံ ခြားသားများရောနှောပါဝင်လာခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း ၊ လဝကမှမှတ်ပုံတင်ရှိသူများကို smart card ပြုလုပ်ပေးခြင်း ၊မှတ်ပုံတင်မရှိသူများကို ၎င်းတို့နေရပ်အသီးသီးသို့ပြန်ရောက်လျှင်မှတ်ပုံတင်ပြုလုပ်နိုင်ရန် စီစဉ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ခရိုင်ဦးစီးအရာရှိဦးကိုကိုကြီးဦးဆောင်သောခရိုင်ကြက်ခြေနီတပ်ဖွဲ့ မှကျားတကိုယ်ရည်သုံးပစ္စည်း(၁၁)မျိုးပါဝင်သော Dignity kit နှင့်အမျိုးသမီးသုံးပစ္စည်း (၁၁)မျိုးပါဝင်သော Hygiene kit များကို ပေးဝေထောက်ပံ့ခဲ့ပြီး ၎င်းတို့နေထိုင်ရာ နေရပ်အသီးသီးသို့ပို့ဆောင်ရန်‌စီစဉ်ပေးခဲ့ကြောင်းသိရသည်။

ဇော်မိုးဦး ( မြိတ်)

Most Read

Most Recent