မျှတသည့် စျေးကွက်ယှဉ်ပြိုင်မှု ရှိစေရန်နှင့် ကတိကဝတ်ကို အလေးပေးဖော်ပြရန် အမေရိကန်သံရုံး အကြီးအကဲ မော်တော်ကားပြပွဲသို့ သွားရောက်ကြည့်ရှုခဲ့သည်ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။
" Ford ကုမ္ပဏီကို အားပေးကူညီဖို့နဲ့ အမေရိကန်ကုမ္ပဏီတွေကို မြန်မာနိုင်ငံအတွင်းမှာ မျှတတဲ့ စျေးကွက် ယှဉ်ပြိုင်မှု ရှိစေဖို့ အမေရိကန်ရဲ့ ကတိကဝတ်ကို အလေးပေးဖော်ပြဖို့အတွက် သံရုံးရဲ့အကြီးအကဲ ဆောန်နစ်ခ်ဟာ Yangon International Mobility Show ကို သွားရောက်ခဲ့ပါတယ်" ဟု သံရုံးက ထုတ်ပြန်သည်။
မြန်မာ့မော်တော်ယာဉ်စျေးကွက်အတွင်း ရွေးချယ်စရာများ ပိုမိုများပြားလာရန် ဆောင်ရွက်ပေးနေသည့် အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့်အတူ ရပ်တည်ရသဖြင့် ဂုဏ်ယူမိသည်ဟု အမေရိကန်သံရုံးက ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းကလည်း အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပဲပုပ်ဖတ်များ တင်သွင်းရောင်းချ နိုင်ရန်အတွက် ဝယ်ယူသူနှင့် ရောင်းချသူအကြား ဆောင်ရွက်ပေးခဲ့သည်ဟု သံရုံးက ထုတ်ပြန်ထားသည်။















