ရန်ကုန် KIP ဆိပ်ကမ်းသို့ MT TIRTASARI စားသုံးဆီတင်သင်္ဘော မတ် ၂၁ ရက် ညပိုင်းက ဆိုက်ကပ်ရောက်ရှိကြောင်း သိရသည်။
ပြည်တွင်း စားသုံးဆီဖူလုံမှုရှိစေရန်နှင့် စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းများ အချိန်မီဖြန့်ဖြူး နိုင်ရန်ရည်ရွယ်၍ MT TIRTASARI အမည်ရှိ ဆီတင်သင်္ဘော ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်္ဘောပေါ်တွင် ပါရှိသောဆီများ၏ အရည်အသွေးနှင့် အလေးချိန် တိကျမှန်ကန်မှုရှိစေရန်အတွက် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေး ကြီးကြပ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနမှအဖွဲ့ဝင်များ ကန်ကြီးကြပ်ရေးအဖွဲ့နှင့် MITS အဖွဲ့တို့က ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
MT TIRTASARI ၁င်္ဘောသည် မတ် ၂၂ ရက် ည ၁ဝ နာရီ ၅၄ မိနစ်ခန့်တွင် ကုန်ချလုပ်ငန်းစဉ်များအားလုံးပြီးစီးခဲ့ကြောင်းနှင့် ယခုကဲ့သို့ စနစ်တကျစစ်ဆေးတင်သွင်းခြင်းကြောင့် ပြည်သူများထံလို့ အရည်အသွေးမီ စားသုံးဆီများကို စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။















