ဗဟန်းမြို့နယ် ဆရာစံ(တောင်)ရပ်ကွက် အနောက်ဗဟိုလမ်းတွင် နေအိမ်မီးလောင်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
မတ် ၂ ရက် နေ့လယ် ၁၂ နာရီ ၅၂ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံ(တောင်)ရပ်ကွက်၊ အနောက်ဗဟိုလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် တစ်စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါမီးလောင်မှုကို မွန်းလွဲ ၁ နာရီ ၁၆ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁ နာရီ ၁၈ မိနစ်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။















