ပရီးမီးယားလိဂ်၊ ပြင်သစ်လီဂူး၊ ဘွန်ဒစ်လီဂါ၊ စီးရီးအေနဲ့ လာလီဂါ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်၊ ပြင်သစ်လီဂူး၊ ဘွန်ဒစ်လီဂါ၊ စီးရီးအေနဲ့ လာလီဂါ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 27 February 2026

ဝုလ်ဗ် - အက်စတွန်ဗီလာ (ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက် ၂း၃၀ နာရီ)

အက်စတွန်ဗီလာအသင်းက နောက်ပိုင်းပွဲတွေမှာ အမှတ်လျော့မှုတွေ များခဲ့တာကြောင့် တတိယနေရာအတွက် မန်ယူအသင်းရဲ့ ဖိအားပေးခြင်းခံလာရပါပြီ။ ဝုလ်ဗ်က တန်းဆင်းဇုန်ထဲက လွတ်ြမောက်နိုင်ခြေ မရှိတော့သလောက်ဖြစ်နေပေမဲ့ စိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်နေဆဲဆိုတာ အာဆင်နယ်နဲ့ သရေကျခဲ့တဲ့ပွဲက သက်သေပြနေပါတယ်။ အိမ်ကွင်းဖြစ်တာကြောင့်လည်း ဝုလ်ဗ်အသင်း ပိုအားထည့်ကစားမှာ သေချာပါတယ်။ အက်စတွန်ဗီလာ အမှတ်လျော့သွားနိုင်ပါတယ်။

စထရာဘိုး - လန်းစ် (ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက် ၂း၁၅ နာရီ)

လန်းစ်က မိုနာကိုအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးနေရာကို PSG အသင်းဆီ ပြန်လွှဲပေးခဲ့ရပါတယ်။ အခုလည်း စထရာဘိုးအသင်းနဲ့ အဝေးကွင်းပွဲကျပ် ကစားရဦးမှာပါ။ စထရာဘိုးက အိမ်ကွင်းနောက်ဆုံး(၆)ပွဲမှာ တစ်ပွဲသာရှုံးပြီး (၅)ပွဲအနိုင်ရထားတဲ့အသင်းပါ။ လန်းစ်ရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ကလည်း ကောင်းမွန်တာကြောင့် အကြိတ်အနယ်ရှိမယ့်ပွဲဖြစ်ပြီး အမှတ်ခွဲယူရနိုင်ပါတယ်။

ပါးမား - ကာဂလီယာရီ (ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက် ၂း၁၅ နာရီ)

အမှတ်ပေးဇယားအဆင့်(၁၂)နဲ့ (၁၃)နေရာမှာ အထက်အောက်ရပ်တည်နေတဲ့အသင်းတွေဖြစ်ပြီး တန်းဆင်းဇုန်ထဲကအသင်းနဲ့လည်း အမှတ်သိပ်မပြတ်ပါဘူး။ လတ်တလောမှာ ပါးမားက နောက်ဆုံး(၃)ပွဲဆက် အနိုင်ရထားပြီး ကာဂလီယာရီက နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ ဒါကြောင့် ပါးမားက ပိုကောင်းတဲ့အသင်းဖြစ်နေပေမဲ့ ထိပ်တိုက်ဆုံတွေ့မှုမှာတော့ ကာဂလီယာရီက အသာစီးရထားပြီး နောက်ဆုံးဆုံတွေ့တဲ့(၅)ပွဲမှာ (၄)ပွဲနိုင်၊ (၁)ပွဲသရေကစားထားပါတယ်။ ဒါကြောင့် ဒီပွဲမှာလည်း ကာဂလီယာရီ မရှုံးနိုင်ဘူးလို့ ထင်ပါတယ်။



အခြားပွဲများ

* အော့စ်ဘတ် - ကိုလုံး

* လီဗန်တေး - အလာဗတ်စ်

Most Read

Most Recent