မဲဆောက်မြို့ အ​ဝေး​ပြေးလမ်းမတွင် ရပ်ထားသည့် ကုန်တင်ယာဉ်အား အိမ်စီးကားတစ်စီးက ဝင်တိုက်မိ၍ မြန်မာလုပ်သား နှစ်ဦး သေ ဆုံး

မဲဆောက်မြို့ အ​ဝေး​ပြေးလမ်းမတွင် ရပ်ထားသည့် ကုန်တင်ယာဉ်အား အိမ်စီးကားတစ်စီးက ဝင်တိုက်မိ၍ မြန်မာလုပ်သား နှစ်ဦး သေ ဆုံး
Published 11 February 2026

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ အဝေးပြေးလမ်း ဟိုင်းယက်နားဝပ်ဒေါကရောက်ဘုန်းကြီးကျောင်း အနီးတွင် ရပ်ထားသည့် ကုန်တင်ယာဉ်​နောက်တွဲအား မြန်မာနိုင်ငံသား​မောင်းနှင်လာသည့် အိမ်စီးကားက နံနက် ၅ ခွဲခန့်တွင် တိုက်မိသဖြင့် ယာဉ်​​မောင်းသူ မြန်မာနိုင်ငံသားနှင့် အမျိုးသမီးတစ်ဦး ​သေဆုံးခဲ့​ကြောင်း သိရသည်။

တာ့ခ်ခရိုင်၊ မဲ​ဆောက်မြို့ဘက်မှ မြဝတီမဲ​ဆောက် အမှတ် ၁ ချစ်ကြည်​ရေးတံတားဘက်သို့ ​မောင်းနှင်လာ​သော ငွေရောင် Toyota Avanza အမျိုးအစား ကားတစ်စီးမှာ လမ်းဘေးတွင် ရပ်တန့်ထားသော ကုန်တင် နောက်တွဲယာဉ်၏ နောက်ပိုင်းကို အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုဖြစ်စဉ်​ကြောင့် ကား၏အရှေ့ပိုင်းတစ်ခုလုံးကြေမွပျက်စီးသွားခဲ့ပြီး ကားအတွင်းပါလာသူ မြန်မာနိုင်ငံသား အမျိုးသမီးနှင့် ယာဉ်​မောင်းလာသူ မြန်မာနိုင်ငံသား နှစ်ဦးစလုံးမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး အခင်းဖြစ်​​နေရာ၌ သေဆုံးသွားခဲ့​ကြောင်း သိရသည်။

ယာဉ်​မောင်း၏​ ဘေး၌ထိုင်လိုက်လာသူမှာ ထိုင်းနိုင်ငံသားဖြစ်ပြီး ယခု မွန်းလွဲ ၂ နာရီအချိန်ထိ သတိမရ​သေး​ကြောင်း မဲ​ဆောက်မြို့၌​ နေထိုင်သူတစ်ဦးက ​ပြောသည်။

"ကားက​တော့ ထိုင်းကားပါ၊ မြန်မာနိုင်ငံသို့ ပြန်ဖို့ ဘန်​ကောက်ကဆင်းလာတာဖြစ်မယ်၊ ယာဉ်​မောင်လာတာ မြန်မာ၊ ယာဉ်​မောင်းသူ​ရော၊​ နောက်မှာထိုင်လိုက်လာတဲ့ အမျိုးသမီးပါဆုံးသွားရှာတယ်။ ယာဉ်​မောင်း​ဘေးမှာ ထိုင်လိုက်လာတဲ့ ထိုင်းနိုင်ငံသားကလည်း ဒဏ်ရာပြင်းတယ်၊ ခုထိသတိမရသေးပါဘူး"ဟု မဲ​ဆောက်မြို့တွင်​နေထိုင်သူတစ်ဦးက ​ပြောသည်။

ယာဉ်မ​တော်တဆမှု​ကြောင့် သေဆုံးသူ မြန်မာနိုင်ငံသားများထံမှ တွေ့ရှိရသော အထောက်အထားများအရ (၁)အမျိုးသားတစ်ဦး မောင်ဖြိုးမင်းဦး (၂)အမျိုးသမီးတစ်ဦး မနှင်းနှင်းဝေ(Nisco ကုမ္ပဏီ)နာမည်ပါရှိသော ကုမ္ပဏီဝန်ထမ်းကတ်ကို ကိုင်ဆောင်ထားသူတို့ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသောသတင်းများအရ သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ မဲ​ဆောက်မြို့မရဲစခန်းမှ တာဝန်ရှိသူများ လူမှုကယ်ဆယ်​ရေး အသင်းအဖွဲ့များ ​ရောက်ရှိလာပြီး ယာဉ်အတွင့် ညှပ်​နေသူများအားဆွဲထုတ်ကာ ရင်ခွဲရုံသို့ ပို့​ဆောင်ခြင်း၊ ဒဏ်ရာရရှိသူအား ​ဆေးရုံကြီးသို့ ပို့​ဆောင်ခြင်းများ​ဆောင်ရွက်ခဲ့ကြပြီး ​သေဆုံးသူများ၏မိသားစုဝင်များထံသို့ အ​ကြောင်းကြားပေးနိုင်ရန်​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent