မြန်မာ အပါအဝင်  ထိုင်းရောက် ရွှေ့ပြောင်းကလေးငယ်များ လာမည့်ပညာသင်နှစ်တွင် တရားဝင်ပညာသင်ယူခွင့်ရမည်ဟု သိရ

မြန်မာ အပါအဝင်  ထိုင်းရောက် ရွှေ့ပြောင်းကလေးငယ်များ လာမည့်ပညာသင်နှစ်တွင် တရားဝင်ပညာသင်ယူခွင့်ရမည်ဟု သိရ
Published 1 February 2026

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ၏ သားငယ်သမီးငယ်များသည် အထောက်အထား မရှိ သူများ ဖြစ်သော်လည်း တရားဝင် ကျောင်းတက်ခွင့်၊ပညာသင်ယူခွင့် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသူ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များ သည် အိမ်ထောင်စုစာရင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ထိုင်းနိုင်ငံသား ဖြစ်သူဖြစ်စေ၊မဖြစ်သူဖ့စ်စေ မည်သူမဆိုပညာသင်ကြားနိုင်မည့် ပညာရေးဥပဒေသစ်တစ်ရပ်ကို ထိုင်းအစိုးရ၏ Royal Gazette မှ ၂၀၂၆ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပညာရေးဆိုင်ရာ ဥပဒေသစ်အရ ရွှေပြောင်းလုပ်သား များ၏ ကလေးငယ်များမှာ အထောက်အထားရှိသည်ဖြစ်စေ မရှိ်ဖြစ်စေ တရားဝင် ပညာသင်ခွင့်ရမည်ဖြစ်ပြီး အဆိုပါ ပညာရေးဥပဒေ အရ ပညာရေး အခွင့်အရေးသစ်ကို ရရှိအောင် အကိုင်အနိုင်ဆုတ်ကိုင်ထားဖို့လိုအပ်ကြောင်း ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများအား မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးကပြောသည်။

"ထိုင်းအစိုးရရဲ့ Royal Gazette  ရဲ့ထုတ်ပြန်ချက်အရ၊ ရွှေ့ ပြောင်းလုပ်သားကလေးမှာ အထောက်အထား ရှိရှိ၊မရှိရှိ ၊ထိုင်းနိုင်ငံသားဟုတ်ဟုတ် မဟုတ်ဟုတ် ကလေးတွေကို ထိုင်းအစိုးရစာသင်ကျောင်းမှာ ပညာသင်ကြားခွင့်ရမယ်။ငြင်းဆိုပိုင်ခွင့်မရှိတော့ဘူး၊ဒီကလေးနဲ့ပတ်သက်လို့ တရားဝင်နံပါတ်၁၃လုံး မကျသေး သော်လည်း သတ်မှတ်ပေးထားတဲ့ G.ကုတ်နဲ့ကျောင်းပြီးတဲ့ထိပညာသင်ကြားခွင့်ရမယ်။ဒီကလေး အထောက်အထား ရရှိဖို့ကိုလည်း စာသင်ကျောင်းနဲ့ကျောင်းသားမိဘတွေကသက်ဆိုင်ရာ ရုံးမှာ သွားပြီးတော့လိုအပ်တဲ့ ထောက်ကူမှုတွေကိုပြုလုပ်ပေးရမယ်။ဒီလိုလုပ်ပေးတာဟာ ထိုင်းနိုင်ငံမှာ ကြီးပြင်းလာမယ့် ကလေးတွေပညာတတ်မယ်။တိုင်းပြည်အပေါ်မှာ ကောင်းမွန်တဲ့ အမြင်ရှိလာမယ်။ ရေရှည်မှာ ထိုင်းနိုင်ငံအတွက်အကျိုးပြုမယ့်လူတွေဖြစ်လာအောင် ကြိုတင်ပြင်ဆင်လိုက်တာ ဖြစ်တယ်လို့ဆို တယ်။ဒီဥပဒေက ခုလာမည့်၂၀၂၆ခုနှစ် မေလမှာစတင်မယ့်  ပညာသင်နှစ် ကစပြီး ထိုင်းနိုင်ငံလုံးအတွင်ရှိ စာသင်ကျောင်းတွေ့ အကျုံးဝင်မှာဖြစ်တယ်"ဟု ဦးမိုးကြိုးက ပြောသည်။

သို့ဖြစ်၍ ရွှေပြောင်းကလေးငယ် များ အားလုံးကို Education for all ပညာရေးသည်  အားလုံးအတွက်ဆိုသည့်  ဘုရင်ကြီးဘူမိဘော ချမှတ်ခဲ့သော အစဉ်လာကောင်း နည်းလမ်း ကောင်း သမိုင်းမှော်ကွန်းဝင်စကားပေါ်မှာ ထိုင်းအစိုးရကအကောင်အထည်ဖော်လိုက် ခြင်း ဖြစ်သည့်အတွက်  ထိုင်းဥပဒေသစ် ပညာရေး အခွင့်အရေးသစ်ကို မရမက အပိုင်အနိုင်ဆုတ်ကိုင်ထားဖို့တိုက်တွန်းချင်ပါ ကြောင်းလည်း  ဦးမိုးကြိုးက ပြောကြားသည်။

ပုံစာ- မဲဆောက်မြို့က နေ့သစ်မြန်မာကျောင်းအား တွေ့စဉ်

Most Read

Most Recent