ကယားပြည်နယ် လွိုင်ကော်၊ ဒီမောဆို၊ လွိုင်လင်လေးနှင့် မိုးဗြဲ ဒေသတို့တွင် တိုက်ပွဲဝင်ခဲ့သည့် ပင်လုံမြို့အခြေစိုက် အမှတ်(၅၁၃)ခြေမြန်တပ်ရင်းမှ အောင်ပွဲရစစ်ဆင်ရေးပြန် တပ်မတော်သားများကို ကြိုဆိုပွဲပြုလုပ်

ကယားပြည်နယ် လွိုင်ကော်၊ ဒီမောဆို၊ လွိုင်လင်လေးနှင့် မိုးဗြဲ ဒေသတို့တွင် တိုက်ပွဲဝင်ခဲ့သည့် ပင်လုံမြို့အခြေစိုက် အမှတ်(၅၁၃)ခြေမြန်တပ်ရင်းမှ အောင်ပွဲရစစ်ဆင်ရေးပြန် တပ်မတော်သားများကို ကြိုဆိုပွဲပြုလုပ်
Published 14 April 2026

ကယားပြည်နယ် လွိုင်ကော်၊ ဒီမောဆို၊ လွိုင်လင်လေးနှင့် မိုးဗြဲ ဒေသတို့တွင် တိုက်ပွဲဝင်ခဲ့ကြသည့် ပင်လုံမြို့အခြေစိုက် အမှတ်(၅၁၃)ခြေမြန်တပ်ရင်းမှ အောင်ပွဲရစစ်ဆင်ရေးပြန် တပ်မတော်သားများအား ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ်ခဲ့​ကြောင်း သိရသည်။

ယနေ့(ဧပြီ ၁၄ ရက်) နံနက်ပိုင်းတွင် ကယားပြည်နယ် ကယားပြည်နယ် လွိုင်ကော်၊ ဒီမောဆို၊ လွိုင်လင်လေးနှင့် မိုးဗြဲ ဒေသများတွင် တိုက်ပွဲဝင်ခဲ့ကြသည့် ပင်လုံမြို့အခြေစိုက်အမှတ်(၅၁၃) ခြေမြန်တပ်ရင်းမှ အောင်ပွဲရစစ်ဆင်ရေးပြန် တပ်မတော်သားများ အား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကိုဝင်းနှင့် ဇနီး၊ အမှတ်(၂)ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်နှင့် ဇနီး၊အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မင်းဦး၏ဇနီး ဒေါ်နီလာဆွေ၊ မိုင်းနောင်တပ်နယ် တပ်နယ်မှူး ဗိုလ်မှူးကြီး မင်းသိန်းကျော်နှင့် ဇနီး ဒေါ်မူချိုဦး၊ သက်ဆိုင်ရာတပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့​ကြောင်း သိရသည်။

ထိုသို့ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် အမှတ်(၅၁၃)ခြေမြန်တပ်ရင်းမှ အောင်ပွဲရစစ်ဆင်ရေးပြန် တပ်မတော်သားများအား တာဝန်ရှိသူများက အောင်သပြေခက်များ၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကပြီး ရှေ့တန်းပြန်တပ်မတော်သားများအတွက် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့​ကြောင်း သိရသည်။

အမှတ်(၅၁၃) ခြေမြန်တပ်ရင်းသည် ၂၀၂၃ ခုနှစ် မတ် ၂ ရက်မှ စတင်၍ ရဲမာဟိန်းစစ်ဆင်ရေး၊ ရန်နိုင်မင်းစစ်ဆင်ရေး တာဝန်၊ နယ်မြေစိုးမိုးရေနှင့် နယ်မြေလုံခြုံရေးတာဝန်များကို  ထမ်းဆောင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီ ၁၄ ရက်တွင် ပြန်လည်စုဖွဲ့လေ့ကျင့်ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၅၁၃) ခြေမြန်တပ်ရင်းအနေဖြင့် စစ်ဆင်ရေးတာဝန် စတင်ထမ်းဆောင်သည့် ၂၀၂၃ ခုနှစ် မတ် ၂ ရက်မှ စတင်၍ ကာယားပြည်နယ် လွိုင်ကော်ဒေသ၊ ဒီမောဆိုဒေသ၊ လွိုင်လင်လေးဒေသနှင့် မိုးဗြဲဒေသများသို့ စစ်ဆင်ရေး ဝင်ရောက်ခဲ့ပြီး နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဧပြီလတွင် မိုးဗြဲဒေသသို့ စစ်ဆင်ရေးတာဝန်ဖြင့် ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

အမှတ်(၅၁၃) ခြေမြန်တပ်ရင်းအနေနှင့် မိုးဗြဲဒေသ၌ စစ်ဆင်ရေးတာဝန် ထမ်းဆောင်စဉ် သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားသည့် မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်းနှင့် တပ်ရင်းအနေဖြင့် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ချိန်မှ နောက်တန်းဌာနချုပ်တွင် ပြန်လည်စုဖွဲ့သည့်အချိန်အထိ သုံးနှစ်နှင့် တစ်လကျော်အကြာ စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent