■ အိန္ဒိယ၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ကမ္ဘောဒီးယားနှင့် နီကာရာဂွါနိုင်ငံတို့မှ ရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက်လေ့လာကြသည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ရန်ကုန်မြို့သို့ ရောက်ရှိ

■ အိန္ဒိယ၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ကမ္ဘောဒီးယားနှင့် နီကာရာဂွါနိုင်ငံတို့မှ ရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက်လေ့လာကြသည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ရန်ကုန်မြို့သို့ ရောက်ရှိ
Published 24 January 2026

အိန္ဒိယ၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ကမ္ဘောဒီးယားနှင့် နီကာရာဂွါနိုင်ငံတို့မှ ရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက်လေ့လာကြသည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက်လေ့လာကြမည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် လေကြောင်းခရီးစဉ်များဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာကြကြောင်း သိရသည်။

နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအဖြစ် အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းတွင်လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဘယ်လာရုစ်ပါတီမှ Ms. Vohila N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက် ညပိုင်းတွင်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Ms. Yusti Erina ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နီပေါနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Dr. Janaki Kumari Tuladhar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းတွင်လည်းကောင်း ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။

အလားတူ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Yich Samethy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ Mr. Mario Jose Armengol Campos ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် International Conference of Asian Political Parties (ICAPP) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ Dr. Chheng Kimlong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ဇန်နဝါရီ ၂၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ဆက်လက်ရောက်ရှိကြသည်။

 

Most Read

Most Recent