လီဗာပူးလ် - ဘန်စလေ (ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၂း၁၅ နာရီ)
ဘန်စလေက League One မှာတောင် အဆင့်(၁၇)နေရာ ရောက်နေတဲ့အသင်းဖြစ်ပြီး နောက်ဆုံး(၄)ပွဲဆက်နိုင်ပွဲပျောက်ထားပါတယ်။ လီဗာပူးလ်ကလည်း ပရီးမီးယားလိဂ်မှာ (၃)ပွဲဆက်သရေကျထားပေမဲ့ ရှုံးပွဲမရှိတာ (၁၀)ပွဲရှိသွားပါပြီ။ ဒီလိုပွဲမျိုးမှာ အရန်ကစားသမားအများစုကို လီဗာပူးလ်အသင်း အသုံးပြုမှာဖြစ်ပေမဲ့ နိုင်ပွဲနဲ့ ပြန်လည်နိုးထရမယ့်ပွဲမျိုး ဖြစ်ပါတယ်။ လီဗာပူးလ်အသင်း ဂိုးမိုးရွာမှာ သေချာပါတယ်။
PSG - Paris FC (ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၂း၄၀ နာရီ)
ပါရီအခြေစိုက် အသင်းနှစ်သင်းရဲ့ကွင်းတွေက လမ်းတစ်လမ်းသာခြားပြီး တည်ရှိနေတာကြောင့် ဘောလုံးလောကမှာ အနီးကပ်ဆုံးဒါဘီပြိုင်ဘက်တွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမဲ့ အင်အားချင်းကတော့ ကွာခြားလွန်းပါတယ်။ ပြီးခဲ့တဲ့ ပြင်သစ်လီဂူးပွဲမှာ PSG အသင်း ကပ်နိုင်ရုံသာ ကစားနိုင်ခဲ့ပေမဲ့ ဒီပွဲမှာတော့ ဂိုးပြတ်သွင်းပါလိမ့်မယ်။
ဂျူဗင်တပ်စ် - ခရီမိုနီဆီ (ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၂း၁၅ နာရီ)
ဂျူဗင်တပ်စ်က အဆင့်(၅)နေရာရောက်နေပေမဲ့ စီးရီးအေချန်ပီယံပြေးလမ်းပေါ်မှာ ရှိနေဆဲပါပဲ။ ဒါပေမဲ့ (၃)မှတ်အပြည့်ယူရမယ့် အိမ်ကွင်းပွဲတွေမှာ အမှတ်မလျော့ဖို့တော့ လိုပါတယ်။ ခရီမိုနီဆီက နောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်နေတဲ့အသင်းပါ။ ဂျူဗင်တပ်စ်ကွင်းမှာလည်း ပွဲတိုင်းအရှုံးပေးထားရပါတယ်။ ဒါကြောင့် ဒီပွဲမှာ ဂျူဗင်တပ်စ်ရဲ့ သွင်းဂိုးတွေကိုပဲ ရေတွက်ရမှာပါ။
အခြားပွဲများ
ဂျီနိုအာ - ကာဂလီယာရီ *
* ဆီဗီလာ - ဆယ်လ်တာဗီဂို















