ပြင်သစ်လက်ရွေးစင်ဟောင်း ဗီယာရာ ဆီနီဂေါလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခံရဖို့ နီးစပ်နေ

ပြင်သစ်လက်ရွေးစင်ဟောင်း ဗီယာရာ ဆီနီဂေါလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခံရဖို့ နီးစပ်နေ
Photo: X
Photo: X
Published 24 July 2026

ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဗီယာရာဟာ ဆီနီဂေါလက်ရွေးစင်အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံရဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

ဗီယာရာဟာ ၂၀၂၅ နိုဝင်ဘာမှာ ဂျီနိုအာအသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဆီနီဂေါနည်းပြရာထူးအတွက် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။

ဗီယာရာ(၅၀ နှစ်)ဟာ ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက်(၈)နှစ်အရွယ်မှာ ပြင်သစ်နိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဗီယာရာဟာ ကစားသမားဘဝမှာ အာဆင်နယ်အသင်းနဲ့အတူ ကျော်ကြားခဲ့သူဖြစ်ပြီး အေစီမီလန်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်နဲ့ မန်စီးတီးအသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။

နည်းပြဘဝမှာတော့ နယူးယောက်စီးတီး၊ နိုက်စ်၊ ခရစ္စတယ်ပဲလေ့စ်၊ စထရာဘိုးနဲ့ ဂျီနိုအာတို့ကို ကိုင်တွယ်ခဲ့ပြီး အခု လက်ရွေးစင်အသင်းတစ်သင်းကို ပထမဆုံးအကြိမ် ကိုင်တွယ်ခွင့်ရတော့မှာပါ။

ဆီနီဂေါအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ နည်းပြ ပါ့ပ်သီယောနဲ့ လမ်းခွဲခဲ့ပြီး ဗီယာရာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။

 

Most Read

Most Recent