နယူးကာဆယ်ကွင်းလယ်ကစားသမား ဂီမာရေ့စ်ကို ပေါင်သန်း(၇၀)နဲ့ ထပ်မံကမ်းလှမ်းဖို့ အာဆင်နယ်အသင်း စီစဉ်နေ

နယူးကာဆယ်ကွင်းလယ်ကစားသမား ဂီမာရေ့စ်ကို ပေါင်သန်း(၇၀)နဲ့ ထပ်မံကမ်းလှမ်းဖို့ အာဆင်နယ်အသင်း စီစဉ်နေ
Photo: X
Photo: X
Published 24 July 2026

အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂီမာရေ့စ်ကို ပေါင်သန်း(၇၀)နဲ့ ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းက ဂီမာရေ့စ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် ပေါင်(၆၅)သန်းနဲ့ စတင်ကမ်းလှမ်းခဲ့ပေမဲ့ နယူးကာဆယ်အသင်းက ငြင်းပယ်ခဲ့တာကြောင့် ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေတာပါ။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိထားတဲ့အသင်းကို ပိုမိုတောင့်တင်းအောင် အားဖြည့်သွားဖို့ ရည်ရွယ်ထားပေမဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ မော်ဂန်ရော်ဂျာစ်ကိုတော့ ချယ်လ်ဆီးအသင်း ခေါ်ယူသွားတာကြောင့် လက်လွတ်ခဲ့ရပါတယ်။

ဒါကြောင့် ဂီမာရေ့စ်ကို ကြေးတိုးမြှင့်ကမ်းလှမ်းဖို့ စီစဉ်နေခြင်းဖြစ်ပေမဲ့ နယူးကာဆယ်အသင်းနဲ့ နီးစပ်သူတွေကတော့ ထပ်ပြီးငြင်းပယ်ခံရဖွယ်ရှိကြောင်း သုံးသပ်ထားကြပါတယ်။

နယူးကာဆယ်အသင်းက ဂီမာရေ့စ်ကို ရောင်းထုတ်လိုခြင်းမရှိသလို၊ အနည်းဆုံးပေါင်သန်း(၈၀)နဲ့ စတင်ကမ်းလှမ်းမှသာ လက်ခံဆွေးနွေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ ကာလရှည်အနားယူရမယ့် နောက်ခံလူ ဆာလီဘာနေရာ အစားထိုးဖို့အတွက် အက်စတွန်ဗီလာအသင်းက အင်္ဂလန်နောက်ခံလူ  ကွန်ဆာနဲ့ တိုက်စစ်ပိုင်းအတွက် အက်သလက်တီကိုအသင်းက အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်တို့ကိုလည်း ခေါ်ယူဖို့ ချိန်ရွယ်နေကြောင်း သိရပါတယ်။

Most Read

Most Recent