ပဲခူးတိုင်း ရန်ကုန်- မော်လမြိုင်လမ်းတွင် လမ်းဘေးရပ်ထားသည့် ၂၂ ဘီးယာဉ်ကို Probox ယာဉ်က တိုက်မိသဖြင့် Probox ယာဉ်ပေါ်ပါ လေးဦးအနက် သုံးဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက် ည ၁၁ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ရန်ကုန်- မော်လမြိုင် လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆/၄) ဖာလုံတွင် Probox ယာဉ် တစ်စီးသည် လမ်းဘေးတွင် ရပ်ထားသော ၂၂ ဘီးကုန်သည်ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဝေါမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် Probox ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး၊ အမျိုးသီး နှစ်ဦးအနက် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူအား ဝေါပရဟိတလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဝေါမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။















