■ သန်လျင်မြို့နယ် အောင်သပြေခြောက်လမ်းသွားလမ်းဆုံတွင် တွဲကားနှင့် လိုက်ထရပ်တိုက်မိရာ ခုနစ်နှစ်အရွယ်ကလေးတစ်ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရ

■ သန်လျင်မြို့နယ် အောင်သပြေခြောက်လမ်းသွားလမ်းဆုံတွင် တွဲကားနှင့် လိုက်ထရပ်တိုက်မိရာ ခုနစ်နှစ်အရွယ်ကလေးတစ်ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရ
Published 2 January 2026

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အောင်သပြေ ခြောက်လမ်းသွားလမ်းဆုံတွင် တွဲကားနှင့် လိုက်ထရပ်တိုက်မိရာ ခုနစ်နှစ်အရွယ်ကလေးတစ်ဦး သေဆုံးပြီး ၁၀ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်သည့်နေရာမှာ သန်လျင်မြို့နယ် အောင်သပြေ ၆ လမ်းသွားလမ်းဆုံတွင်ဖြစ်ကြောင်း သိရသည်။

“ခုနစ်နှစ်အရွယ် ကလေးယောကျာ်း လေးတစ်ယောက်ဆုံးသွားတယ်။ အမျိုးသားသုံးယောက်နဲ့ အမျိုးသမီး ခုနစ်ယောက်ထိတယ်။ မိသားစုလိုက် ကျောက်တန်းဘက်မှာ အကြော်သွားစားကြတာ။ ဆုံးသွားတဲ့ကလေး လေးရဲ့အမေဆို သားလေးတစ်ယောက် တည်းရှိတာ။ ယူကြုံးမရဖြစ်သွားတယ်” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောကြားသည်။

သန်လျင်ဒေသခံလူမှုကူညီရေးအသင်းဖြစ်သည့် လောကအလင်းလူမှုကူညီရေးအသင်းက “သန်လျင် အောင်သပြေ ၆လမ်းသွား လမ်းဆုံတွဲကား ပေ ၄၀ နှင့် လိုက်ထရက်ကားတိုက်။ လူနာ ၁၁ ယောက်ထွက်။ ကလေးကျား ခုနစ်နှစ် သေဆုံး ကျား ၃ ထိခိုက် အမျိုးသမီး ခုနစ်ယောက်။ YRO ပူးပေါင်းအသင်းများ ပူးပေါင်းကူညီ” ဟု လူမှုကွန်ရက်တွင်ရေးသားထားသည်။

Most Read

Most Recent