■ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးယာဉ်တစ်စီး ရှေ့ဘီးပေါက်ကာ လမ်းဘေးကာရံထားသည့် တန်းကို တိုက်မိသဖြင့် ယာဉ်ပေါ်ပါသူ ခြောက်ဦးအနက် ကလေးငယ်တစ်ဦး သေဆုံး

■ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးယာဉ်တစ်စီး ရှေ့ဘီးပေါက်ကာ လမ်းဘေးကာရံထားသည့် တန်းကို တိုက်မိသဖြင့် ယာဉ်ပေါ်ပါသူ ခြောက်ဦးအနက် ကလေးငယ်တစ်ဦး သေဆုံး
Published 10 November 2025

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးယာဉ်တစ်စီး ရှေ့ဘီးပေါက်ကာ လမ်းဘေးကာရံထားသည့် တန်းကို တိုက်မိသဖြင့် ယာဉ်ပေါ်ပါသူ ခြောက်ဦးအနက် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ ရက် နံနက် ၇ နာရီခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၁/၇)နှင့် (၁၀၂/၀)ကြားတွင် SUZUKI ERTIGA အမျိုးအစား(အဖြူရောင်)ယာဉ်သည် ရှေ့ဘီးပေါက်၍ လမ်းဘေးတွင် ကာရံထားသော Guard Rail တန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုနေရာသို့ ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦး၊ ကလေးငယ် တစ်ဦး စုစုပေါင်းခြောက်ဦးအနက် ကလေးတစ် တစ်ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူအား (၁၁၅)မိုင် ကြက်ခြေနီအသင်းမှယာဉ်ဖြင့် ဖြူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent