မလေးရှားနိုင်ငံ ဂျိုးဟိုးတွင် တိုင်ကြားမှုကြောင့် အထောက်ထားမဲ့မြန်မာ ၂၅ ဦးအပါအဝင် ၄၅ ဦးဖမ်းဆီးခံရ ကြောင်း သိရသည်။
နိုဝင်ဘာလ ၈ ရက် ညက မလေးရှားနိုင်ငံ၊ ဂျိုးဟိုး,Austin park နေရာတဝိုက်ကိုမလေးရှားတာဝန်ရှိသူများက အော်ပရာစီဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကာဖမ်းဆီးခံရသူ ၄၅ ဦးအထိရှိကြောင်းမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။
ဖမ်းဆီးခံရသူများတွင်မြန်မာနိုင်ငံသားအမျိုးသား ၁၉ ဦး၊အမျိုးသမီး ၅ ဦး၊ ကလေးတစ်ဦးပါဝင်ပြီး ပါကစ္စတန်နိုင်ငံသားအမျိုးသား ၉ ဦး၊အိန္ဒိယနိုင်ငံသားအမျိုးသား ၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံသားအမျိုးသား ၃ ဦး၊အမျိုးသမီး ၁ ဦးပါဝင်ကြောင်းသိရသည်။
ဖမ်းဆီးခံရသူများကိုစစ်ဆေးရာတရားဝင် အထောက်အထားမပြနိုင်ကြောင်းတိုင်ကြားခံရမှုကြောင့်လာ ရောက်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်းမလေးရှားတာဝန်ရှိသူများ ၏ဖြေကြားချက်ကို ကိုးကားပြီး ဂျိုးဟိုးမီဒီယာများတွင ်ဖော်ပြထားချက်အရ သိရသည်။
ဇော်မိုးဦး ( မြိတ်)















