ပါရာတီခီနဲ့ ဂျိုဟန်လန့်ချ်တို့ကို ပူးတွဲအားကစားဒါရိုက်တာအဖြစ် စပါးအသင်း ခန့်အပ်

ပါရာတီခီနဲ့ ဂျိုဟန်လန့်ချ်တို့ကို ပူးတွဲအားကစားဒါရိုက်တာအဖြစ် စပါးအသင်း ခန့်အပ်
Photo: Tottenham
Photo: Tottenham
Published 15 October 2025

စပါးအသင်းဟာ အီတလီနိုင်ငံသား ပါရာတီခီနဲ့ ဒိန်းမတ်နိုင်ငံသား ဂျိုဟန်လန့်ချ်တို့ကို အသင်းရဲ့ ပူးတွဲအားကစားဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။

ဂျိုဟန်လန့်ချ်ဟာ အက်စတွန်ဗီလာအသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ၂၀၂၃ ခုနှစ်ကစတင်ကာ စပါးအသင်းမှာ နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်နေခဲ့သူဖြစ်ပါတယ်။

အခု စပါးအသင်းက ဂျိုဟန်လန့်ချ်ကို အားကစားဒါရိုက်တာအဖြစ် တိုးမြှင့်တာဝန်ပေးလိုက်သလို၊ အသင်းမှာ ဘောလုံးဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ ပါရာတီခီကိုလည်း ပြန်လည်ခေါ်ယူပြီး ပူးတွဲအားကစားဒါရိုက်တာအဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။

''ဖာဘီယိုပါရာတီခီဟာ အားကစားဒါရိုက်တာအဖြစ် အသင်းကို ပြန်ရောက်လာပြီဖြစ်ကြောင်း ကျွန်တော်တို့ ဝမ်းမြောက်စွာကြေညာလိုက်ပါတယ်။ ဖာဘီယိုဟာ အားကစားဒါရိုက်တာအဖြစ် ရာထူးတိုးမြှင့်ခံရတဲ့ ဂျိုဟန်လန့်ချ်နဲ့အတူ လက်တွဲလုပ်ဆောင်ရမှာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားဘောလုံးစီမံကိန်းအတွက် အသစ်ဖွဲ့စည်းတည်ဆောက်မှုလည်း ဖြစ်ပါတယ်'' လို့ စပါးအသင်းက ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။

ပါရာတီခီကလည်း စပါးအသင်းနဲ့ ပြန်လည်လက်တွဲခွင့်ရတဲ့အတွက် ပျော်ရွှင်ကြောင်းနဲ့ အသင်းရဲ့အနာဂတ်ကို ဂျိုဟန်လန့်ချ်နဲ့အတူ ထူးခြားစွာတည်ဆောက်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

 

Most Read

Most Recent