၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် လာမည့်ဇွန် ၆ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြီးခဲ့သည့်မေ ၉ ရက်ကတည်းက ပဏာမကစားသမား(၃၅)ဦး ဖြင့် လေ့ကျင့်ပြင်ဆင်နေကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းသည် ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းမှ အသက်မီသူများ၊ ယခုရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြနေသည့် ကစားသမား များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပထမဆုံးပြိုင်ပွဲဖြစ်သည့် အာဆီယံ ယူ -၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် တစ်လဝန်းကျင်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခွင့်မရရှိခဲ့သောကြောင့်ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် လေ့ကျင့်ရေးခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ပွဲစလုံး(၀-၁) ဂိုးစီဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ နောက်ဆုံးပြင်ဆင်မှုအနေဖြင့် ဇွန် ၄ ရက်တွင် လေ့ကျင့်ရေးခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အပြီးသတ်ကစားသမား ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(A)တွင် အိမ်ရှင်ဗီယက်နမ်၊ လာအို၊ တီမောအသင်းတို့နှင့် ကျရောက်နေသည်။
၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဇွန် ၉ရက်မှ ၁၈ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပမည်ဖြစ်သည်။















