ယခုနှစ် နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရည်ရွယ်၍ ဇွန်(၁)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်(၁၄)မှ ဇူလိုင်(၁၃)အထိ ကျင်းပမည်ဖြစ်၍ ပြိုင်ပွဲဝင်အသင်းများ ပြင်ဆင်မှုရရှိစေရန် အထူးအစီအစဉ်အဖြစ် အပြောင်းအရွှေ့စျေးကွက်ကို ဇွန်(၁)မှ ဇွန်(၁၀)ရက် အထိ ဖွင့်လှစ်ပေးမည်ဖြစ်သည်။
ထို့နောက် ဇွန်(၁၆)ရက်မှ စက်တင်ဘာ(၁)ရက်အထိ ပုံမှန်အတိုင်း အပြောင်းအရွှေ့စျေးကွက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းက ကလပ်ကမ္ဘာ့ဖလား မစတင်မီ အပြောင်းအရွှေ့လှုပ်ရှားမှုများ အပြီးသတ်လုပ်ဆောင်သွားရန် ရည်ရွယ်နေကြောင်းလည်း သိရသည်။
ကလပ်ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်မရရှိသည့် အသင်းများ၏ ကစားသမားခေါ်ယူမှုများမှာမူ ဇွန်(၁၆)မှသာ စတင်အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။















