■ ဘာစီလိုနာနှင့်ပွဲတွင် ဟက်ထရစ်သွင်းခဲ့သည့် အမ်ဘာပေ ရီးယဲလ်သမိုင်းတစ်လျှောက် ပွဲဦးထွက်ရာသီတွင် ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းဝင်

■ ဘာစီလိုနာနှင့်ပွဲတွင် ဟက်ထရစ်သွင်းခဲ့သည့် အမ်ဘာပေ ရီးယဲလ်သမိုင်းတစ်လျှောက် ပွဲဦးထွက်ရာသီတွင် ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းဝင်
Photo: Real Madrid
Photo: Real Madrid
Published 13 May 2025

ဘာစီလိုနာနှင့်ပွဲတွင် ဟက်ထရစ်သွင်းခဲ့သည့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေသည် အသင်းသမိုင်းတစ်လျှောက် ပွဲဦးထွက်ရာသီတွင် ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။ 

အမ်ဘာပေ (၂၆ နှစ်)သည် ယခုရာသီ ပြိုင်ပွဲစုံတွင် (၅၃) ပွဲကစား၊ (၃၉) ဂိုးသွင်းယူထားခဲ့သည်။

၎င်းအနေဖြင့် ၁၉၉၂-၉၃ ရာသီတွင် (၃၇) ဂိုးသွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူးဟောင်း ဇာမိုရာနို၏ ပွဲဦးထွက်ရာသီ ဂိုးအများဆုံးကစားသမားစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးနောက် စီရော်နယ်လ်ဒို(၃၃ ဂိုး)၊ နစ္စတယ်ရွိုင်း(၃၃ ဂိုး)၊ ရော်နယ်လ်ဒို(၃၀ ဂိုး)တို့ ရှိခဲ့သည်။

အမ်ဘာပေသည် လာလီဂါပြိုင်ပွဲတွင် (၂၇)ဂိုး၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၇)ဂိုး၊ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် (၂)ဂိုး၊ ဥရောပစူပါဖလားပြိုင်ပွဲတွင် (၁)ဂိုး၊ စပိန်စူပါဖလားပြိုင်ပွဲတွင် (၁)ဂိုး၊ အင်တာကွန်တီနင်တယ်ဖလားပြိုင်ပွဲတွင် (၁)ဂိုး သွင်းယူခဲ့သည်။

၎င်းသည် ယခုရာသီအတွင်း မန်စီးတီး၊ ဗယ်လာဒိုလစ်၊ ဘာစီလိုနာနှင့်ပွဲများတွင် ဟက်ထရစ် သွင်းယူခဲ့သည်။

ဘက်တစ်၊ လက်စ်ပါမားစ်၊ ဗီလာရီးယဲလ်၊ လီဟာနက်စ်၊ ဆယ်လ်တာဗီဂိုနှင့်ပွဲများတွင် နှစ်ဂိုးစီ သွင်းနိုင်ခဲ့သည်။

Most Read

Most Recent