စမ်းချောင်းမြို့နယ်တွင် မီးစက်မှ ထွက်သည့် မီးခိုးနံ့ကြောင့် တိုက်ခန်းတစ်ခန်းအတွင်း မိသားစုလိုက် သေဆုံးမှုဖြစ်ပွား

စမ်းချောင်းမြို့နယ်တွင် မီးစက်မှ ထွက်သည့် မီးခိုးနံ့ကြောင့် တိုက်ခန်းတစ်ခန်းအတွင်း မိသားစုလိုက် သေဆုံးမှုဖြစ်ပွား
Photo-Taurus Tin Facebook
Photo-Taurus Tin Facebook
Published 1 May 2025

စမ်းချောင်းမြို့နယ်တွင် မီးစက်မှ ထွက်သည့် မီးခိုးနံ့ကြောင့် တိုက်ခန်းတစ်ခန်းအတွင်း မိသားစုလိုက် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းစမ်းချောင်းမြို့နယ်တွင် နေထိုင်သူအချို့၏ ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်မှာ စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက် ရွှေလောင်းလမ်း တိုက်အမှတ် ၄၄ ငါးလွှာတွင် နေထိုင်သည့် မိသားစုဝင်များဖြစ်ကြောင်း၊

မိသားစုဝင်မှာ လေးဦးဖြစ်ပြီး အိမ်တွင်မွေးထားသည့် ခွေးတစ်ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သူများမှာ အသက် ၃၀ နှစ်အရွယ်ဖခင်၊ ၂၅ နှစ်အရွယ် မိခင်၊ ရှစ်နှစ်အရွယ် သားဖြစ်သူနှင့်မိခင်ဖြစ်သူ၏ ၁၆ နှစ်အရွယ် ညီမဖြစ်သူတို့ ဖြစ်ကြောင်း သိရသည်။

" မီးမလာတော့ မီးစက်ဖွင့်ပြီး အဲကွန်းသုံးတာဖြစ်မယ်။ မီးစက်က နောက်ဖေးခန်းမှာ ထားတာ။အပြင်ကို မထုတ်ထားတော့ မီးခိုးမွှန်ပြီး သေဆုံးတာဖြစ်မယ်။ သိတဲ့အချိန်မှာ လှုပ်လို့မရတော့ဘူးထင်ပါတယ်။ ကလေးအပေါ်မှာ အဖေက ထပ်ရက်ကြီး ကုန်းထရင်း သေဆုံးနေရတာပါတခြားဘာဒဏ်ရာမှ မတွေ့ရဘူး။ အခုဖြစ်တာတောင် ဘေးပတ်ဝန်းကျင်က အပုပ်နံ့ရမှ သိရတာ" ဟု ဖြစ်စဉ်နှင့် ပတ်သက်ပြီး သိရှိသူ စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

သေဆုံးသူများမှာ စမ်းချောင်းနယ်ခံများ မဟုတ်ဘဲ အခြားနေရာမှ ပြောင်းရွှေ့လာသူများဖြစ်ကြောင်း ပတ်ဝန်းကျင်တွင် နေထိုင်သူအချို့၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့်နှစ်ကလည်း သင်္ဃန်းကျွန်းမြို့နယ်တွင် တိုက်ခန်းအတွင်း မီးစက်အသုံးပြုပြီး အလုံပိတ်ထားရာမှ မိသားစုလိုက် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Photo-Taurus Tin Facebook

Most Read

Most Recent