မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်ရှိ ရွှေဇာမဏီရွှေဆိုင်ဓါးပြတိုက်ခံရမှု ဧပြီလ ၂၈ ရက် မွန်းလွဲ ၃ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၅လမ်း၊ ၁၀၃ လမ်းနင့် ၁၀၄လမ်းကြားရှိ " ရွှေဇာမဏီရွှေဆိုင်အတွင်းသို့ HONDA Insight ကားအမဲရောင်ဖြင့် အမည်မသိလူငါးဦးတို့ရောက်ရှိလာပြီး သေနတ်နှစ်လက်ဖြင့်ခြိမ်းခြောက်ကာ ရွှေဆိုင်အား ဓါးပြတိုက်သွားခြင်းဖြစ်သည်ဟု သိရသည်။
၎င်းတို့သည် ရွှေ ၂၃ ကျပ်သားခန့်နှင့် Iphone11တို့အားယူဆောင်သွားခဲ့ကြောင်း ကနဦး စုံစမ်းသိရသည်။















