ရန်ပုံငွေရပ်ဆိုင်းလိုက်မှုအတွက် ဒေါ်နယ်ထရန့်အစိုးရကို ဟားဗတ်တက္ကသိုလ်က တရားစွဲ

ရန်ပုံငွေရပ်ဆိုင်းလိုက်မှုအတွက် ဒေါ်နယ်ထရန့်အစိုးရကို ဟားဗတ်တက္ကသိုလ်က တရားစွဲ
Photo-AFP
Photo-AFP
Published 22 April 2025

ဒေါ်လာဘီလျံနှင့်ချီသည့် ရန်ပုံငွေများ ရပ်ဆိုင်းလိုက်မှုအတွက် ဟားဗတ်တက္ကသိုလ်က ဒေါ်နယ်ထရန့်အစိုးရကို ဧပြီ ၂၁ ရက်တွင် တရားစွဲဆိုလိုက်ပြီဖြစ်သည်။

ကျောင်းဝင်းအတွင်း ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုများကို တိုက်ဖျက်ရန်ဆိုသည့် အစိုးရ၏တောင်းဆိုချက်များကို ဟားဗတ်ဘက်က မလိုက်လျောသဖြင့် နှစ်ဖက်မပြေလည်မှု ပိုဆိုးလာကာ ဟားဗတ်ကိုပေးမည့် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ နှစ် ဒသမ နှစ် ဘီလျံကို ထရန့်က ရပ်ဆိုင်းပစ်လိုက်သည်။

ထောက်ပံ့ကြေးဆိုသည်မှာ အထူးအခွင့်အရေးတစ်ခုဖြစ်ပြီး ထိုအခွင့်အရေးနှင့်ထိုက်တန်သည့် အခြေအနေမျိုး ဟားဗတ်တွင်ရှိမနေဟုလည်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ ရန်ပုံငွေဖြတ်တောက်မှုအပြင် ထရန့်အစိုးရက ဟားဗတ်၏ ပြည်ပကျောင်းသားများဝင်ခွင့်ပေးမှုကိုလည်း ခြိမ်းခြောက်ထားပြန်သည်။

ဟားဗတ်တက္ကသိုလ်တစ်ခုတည်း ယခုအခြေအနေနှင့် ရင်ဆိုင်နေရခြင်းမဟုတ်ပေ။ ထရန့်အစိုးရက ကော်နယ်လ်တက္ကသိုလ်ကို ရန်ပုံငွေဒေါ်လာတစ်ဘီလျံ ၊ ဘရောင်းတက္ကသိုလ်ကို ရန်ပုံငွေဒေါ်လာသန်း ၅၁၀ ရပ်ဆိုင်းထားသည်။ ကိုလံဘီယာတက္ကသိုလ်ကမူ ရန်ပုံငွေ ဒေါ်လာသန်း ၄၀၀ ရပ်ဆိုင်းခံရမည်ကိုစိုးရိမ်ပြီး ထရန့်အစိုးရ၏တောင်းဆိုချက်အချို့ကို  သဘောတူခဲ့သည်။                    

Ref: BBC

Most Read

Most Recent