ဂါဇာကမ်းမြောင်ကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ရန် အစ္စရေး၏ဆုံးဖြတ်ချက်အား ဆော်ဒီအာရေဗျနှင့် ကာတာတို့က ပြင်းပြင်းထန်ထန် ရှုတ်ချ

ဂါဇာကမ်းမြောင်ကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ရန် အစ္စရေး၏ဆုံးဖြတ်ချက်အား ဆော်ဒီအာရေဗျနှင့် ကာတာတို့က ပြင်းပြင်းထန်ထန် ရှုတ်ချ
မတ်လ ၁၀ ရက်က ဂါဇာမြောက်ပိုင်းဂျာဘာလီယာ၌ ပါလက်စတိုင်းသားများ မီးလှုံနေပုံကို တွေ့ရစဉ်(Photo: AFP)
မတ်လ ၁၀ ရက်က ဂါဇာမြောက်ပိုင်းဂျာဘာလီယာ၌ ပါလက်စတိုင်းသားများ မီးလှုံနေပုံကို တွေ့ရစဉ်(Photo: AFP)
Published 11 March 2025

ဂါဇာကမ်းမြောင်ကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ရန် အစ္စရေးနိုင်ငံ၏ဆုံးဖြတ်ချက်ကို ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများဖြစ်သော ဆော်ဒီအာရေဗျနှင့်ကာတာတို့က မတ်လ ၁၁ ရက်တွင် ရှုတ်ချလိုက်ပြီး အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းက အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ကြသည်။

ဂါဇာကမ်းမြောင်ကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်းဖြင့် ပါလက်စတိုင်းပြည်သူများကို ကျူးကျော်သူအစ္စရေးအာဏာပိုင်များ၏ ဘုံအပြစ်ပေးမှုအား အပြင်းထန်ဆုံးရှုတ်ချသည်ဟု ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

ဂါဇာကမ်းမြောင်ကို လျှပ်စစ်ဓာတ်အားဖြတ်တောက်သည့် ကျူးကျော်သူအစ္စရေး၏လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချသည်ဟု ကာတာက ထုတ်ပြန်ခဲ့ပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်သည်ဟု ယူဆကြောင်း ဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ရက်တွင် မကြုံစဖူးတိုက်ခိုက်မှုကို လုပ်ဆောင်ပြီးကတည်းက ထိန်းသိမ်းထားသော ကျန်ရှိနေသည့် ဓားစာခံများကို လွှတ်ပေးရန် ဟားမာ့စ်ကို ဖိအားပေးသည့်အနေဖြင့် မတ်လ ရက်တွင် အစ္စရေးက ဂါဇာကမ်းမြောင်ရှိ  ပင်လယ်ရေကို ရေချိုဖြစ်အောင်ပြောင်းလဲပေးသော စက်ရုံ (Water desalination Plant) သို့ပေးထားသော ဓာတ်အားလိုင်းကိုသာ ဓာတ်အား ဖြတ်တောက်ပစ်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအားလုံးကို ဖြတ်တောက်ရန် အစ္စရေးအစိုးရက မတ် ရက်တွင် ညွှန်ကြားခဲ့သည်။

ဂါဇာကို လျှပ်စစ်မီးပေးတာ ချက်ချင်း ရပ်ဖို့ လက်မှတ်ထိုးညွှန်ကြားထားပါတယ်ဟု အစ္စရေးစွမ်းအင်ဝန်ကြီး အယ်လီကိုဟင် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဂါဇာ၏အပူသောကပတ်လည်ဝိုင်းနေသော ပြည်သူများအတွက် ဆိုးရွားသော အကျိုးဆက်များနှင့်ပတ်သက်၍ ကုလသမဂ္ဂက သတိပေးပြောကြားခဲ့ပြီး ဗြိတိန်ကလည်း အလွန်အမင်းစိုးရိမ်သည်ဟု ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ဆော်ဒီအာရေဗျနိုင်ငံက တောင်းဆိုခဲ့သည်။ ထို့အပြင် ကာတာကလည်း ပါလက်စတိုင်းပြည်သူများအတွက် လိုအပ်သည့် ကာကွယ်မှုများကို ပံ့ပိုးပေးရန်နှင့် ချင်ချင်းလက်ငင်းအရေး ယူပေးရန် တိုက်တွန်းခဲ့သည်။

လွန်ခဲ့သော ၁၆ လကျော်တွင် ဂါဇာစစ်ပွဲစတင်ကတည်းက လျှပ်စစ်ဓာတ်အားပေးပို့မှု အနည်းငယ်ဖြင့် နေထိုင်နေကြရသော ဂါဇာပြည်သူများကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ရန် အစ္စရေး၏ဆုံးဖြတ်ချက်သည် ပြက်လုံးဖြစ်သည်ဟု ဂါဇာကျောင်းဆရာ အဗ္ဗဒူလာမော်တာဂျာက ပြောကြားခဲ့သည်။

ဂါဇာတွင် လျှပ်စစ်မီးမရတော့ပါက သောက်ရေအတွက် အရေးပါသည့် ရေချို  ဖြစ်အောင်သန့်စင်ပေးသည့်စက်ရုံများ၏ လည်ပတ်မှုများကိုထိခိုက်လာစေမည်ဖြစ်သည်။ ယခင်ကလည်း ဂါဇာသို့ဓာတ်အားပေးပို့မှုအများစုကို အစ္စရေးဘက်ကဖြတ်တောက်ထားသည်။ အစ္စရေးကအပစ်အ ခတ်ရပ်စဲရေးပထမအဆင့်ကို သက်တမ်းတိုးလိုပြီး ဟားမာ့စ်ကိုလည်းအလားတူလက်ခံစေချင်သည်။ ဟားမာ့စ်ကဒုတိယအဆင့်အပစ်ရပ်စဲရေးကို စတင်လိုနေသည်။  

Ref: AFP

Most Read

Most Recent