
၆၇ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်ညပိုင်းတွင် လော့စ်အိန်ဂျလိစ် ၌ ကျင်းပခဲ့ပြီး ဆုပေါင်း ၉၀ ကျော်ပေးအပ်ခဲ့သည့်အထဲကမှ တစ်နှစ်တာ အကောင်းဆုံးတေးအယ်လ်ဘမ်ဆုကို ဘီယွန်းဆေးက cowboy carter ဖြင့် ရရှိ သွားသည်။
ဘီယွန်းဆေးသည် ဂရမ်မီ ဆုအများဆုံး ချီးမြှင့်ခံထားရသူဖြစ်ပြီး အဓိကဆုကြီးဖြစ် သည့် အယ်လ်ဘမ်ဆုကို ရှေ့တွင်တစ်ခါမှ မရသေးဘဲ ယခုပထမဆုံးအကြိမ် ဆွတ်ခူး လိုက်ခြင်းဖြစ်သည်။ ထို့ပြင် ၁၉၉၉ ခုနှစ် နောက်ပိုင်း ဘီယွန်းဆေးက အယ်လ်ဘမ်ဆု ရယူလိုက်သည့် ပထမဆုံးလူမည်းအမျိုးသမီး လည်းဖြစ်သည်။
အကောင်းဆုံးကန်းထရီးအယ်လ်ဘမ် ဆုကိုလည်း ဘီယွန်းဆေး၏ရှစ်ခုမြောက် အယ်လ်ဘမ် cowboy carter ကပင်ဆွတ်ခူး ယူသွားသည်။ယင်းဆုကို တေလာဆွစ်က ကြေညာပေးခဲ့သည်။
ရက်ပ်အဆိုတော်ကန်းဒရစ်လာမာ၏ not like us သီချင်းက record of the year ဆုအပြင် အကောင်းဆုံးသီချင်းဆု၊ အ ကောင်းဆုံးရက်ပ်ပါဖောမန့်ဆု၊ ရက်ပ်သီ ချင်းဆုတို့ သိမ်းကြုံးယူသွားသည်။
အကောင်း ဆုံးပေါ့အယ်လ်ဘမ်ဆုကို ဆာဘရီနာကာပန်တာ၏ short n’ sweet ကရပြီး ပေါ့တစ် ကိုယ်တော်ပါဖောမန့်ဆုကိုလည်း ဆာဘရီ နာက espresso သီချင်းဖြင့်ထပ်ရသည်။
အကောင်းဆုံးပေါ့အဖွဲ့ပါဖောမန့်ဆု ကို လေဒီဂါဂါနှင့် ဘရူနိုမားစ်တို့က die with a smile သီချင်းဖြင့်ဆွတ်ခူးပြီး အကောင်း ဆုံးရော့ခ်ပါဖောမန့်ဆုကို the beatles အဖွဲ့ က now and then သီချင်းဖြင့်ရသွားသည်။
အကောင်းဆုံးရက်ပ်အယ်လ်ဘမ်ဆုကို ဒိုချီက alligator bites never heal ဖြင့် ချီးမြှင့်ခံရပြီး ကေစီမက်ဂရေ့ဗ်စ်၏ the architect သီချင်းက အကောင်းဆုံးကန်း ထရီးသီချင်းဆုအတွက် ရွေးချယ်ခံရသည်။
sza ၏ Saturn သီချင်းက အကောင်း ဆုံး R&B သီချင်းဆုရခဲ့ပြီး အကောင်းဆုံး R&B အယ်လ်ဘမ်ဆုကို ခရစ္စဘရောင်း၏ 11:11 (delux) က ရသွားသည်။
အစီအစဉ်တင်ဆက်သူ ထရက်ဗာနိုအာ က တောမီးအခြေအနေကြောင့် ဂရမ်မီဆုပေး ပွဲကျင်းပဖြစ်၊ မဖြစ် မသေချာခဲ့ဘဲ မီးသတ် သမားများ၏ကြိုးစားငြှိမ်းသတ်မှုကြောင့် မီး ကိုထိန်းချုပ်နိုင်ခဲ့သည်ဟု ချီးမွမ်းပြောခဲ့ပြီး ဆုပေးပွဲသို့လည်း မီးသတ်သမားများကိုဖိတ် ကြားဂုဏ်ပြုခဲ့ကာ ၎င်းင်းတို့ကအဆိုတော်များ နှင့် ဆယ်လ်ဖီဓာတ်ပုံများ ရိုက်ကူးခဲ့သည်။