ဘရိုင်ယန်အမ်ဘူမိုက ဘရန့်ဖို့ဒ်အသင်း စင်တင်ပေးနိုင်ခဲ့တဲ့ ပထမဆုံးရွက်ပုန်းသီးကစားသမား မဟုတ်ပါဘူး။ ထို့အတူ ဘရန့်ဖို့ဒ်ရဲ့ နောက်ဆုံးကြယ်ပွင့်လည်း မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ သူဟာ ဘရန့်ဖို့ဒ်နဲ့ ဒီတစ်လျှောက်လုံး အတူရှိနေခဲ့တဲ့ ကစားသမားတော့ ဖြစ်တယ်။ ဘရန့်ဖို့ဒ် ပေါက်မြောက်လာခြင်းလမ်းမှာ ဟိုးအစ အောက်ခြေကတည်းက တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး အသင်းရဲ့ ကြယ်ပွင့်ကစားသမားအဆက်ဆက် ထွက်ခွာခဲ့ခြင်း နေရာလွတ်တွေကိုလည်း ဒိုင်ခံအားဖြည့်သယ်ပိုးပေးခဲ့သူ ဖြစ်တယ်။ အိုလီဝက်ကင်စ်၊ ဘန်ရာမာတို့နဲ့ အတူ BMW တိုက်စစ်အတွဲအဖြစ် ကျော်ကြားခဲ့ချိန်မှာ ဝက်ကင်စ်ရော ဘန်ရာမာရော ထွက်ခွာခဲ့ဖူးတယ်။ နောက်ပိုင်းမှာ ကျော်ကြားလာတဲ့ အိုင်ဗန်တိုနေးလည်း ထွက်ခွာခဲ့တယ်။ အခုအချိန်အထိ အမ်ဘူမိုကတော့ အသင်းရဲ့တိုက်စစ်ကို ထမ်းတင်ထားဆဲပါပဲ။
■ မိုဆာလာနေရာအတွက် လီဗာပူးလ်စောင့်ကြည့်နေတဲ့ ကြယ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















