၁၉၉၇ ဥရောပနွေဦးရာသီဟာ ဂန္ထဝင်တစ်ဦး အကျပ်အတည်းတွေ့ချိန်ပဲ။ အဲဒီအချိန်တုန်းက သူ့အသက်က (၃၀)ရှိနေပြီ။ မီလန်နဲ့အတူ အဆီအငေါ်မတည့်ကာလထဲ ဖြတ်သန်းနေရချိန်၊ နောက်တစ်နှစ်ဆိုရင် ၁၉၉၈ ကမ္ဘာ့ဖလား ရောက်ရှိလာလိမ့်မယ်။ ၁၉၉၈ ကမ္ဘာ့ဖလားမှာ သူ့ကို သူ့ပရိသတ်တွေ မြင်ချင်ကြတယ်။ သူကိုယ်တိုင်လည်း နောက်ထပ်ကမ္ဘာ့ဖလားတစ်ခု ကစားချင်နေသေးတယ်။ လွန်ခဲ့တဲ့(၄)နှစ်၊ ၁၉၉၄ ကမ္ဘာ့ဖလားတုန်းက ပယ်နယ်တီလွဲချော်မှုဟာ အတိတ်တစ္ဆေလို ခြောက်လှန့်နေဆဲဆိုပေမဲ့ သူ ကမ္ဘာ့ဖလား ကစားချင်နေသေးတယ်။ လူတစ်ယောက်အတွက် Comfort Zone ထဲကနေ ရုန်းထွက်ရတာ မလွယ်ကူဘူး။ မီလန်ဟာ သူ့အတွက် Comfort Zone မဟုတ်ပေမဲ့ ထည်ဝါခဲ့ဖူးတဲ့ သမိုင်းကြောင်းအရ ဘုရင်တစ်ပါးလို နေလို့ရတာပဲ။ ဒါပေမဲ့ ခမ်းနားဘုရင်တော့ မဟုတ်ဘူး။ နန်းကျဘုရင် ဘဝမျိုးပေါ့။ သူက မီလန်မှာ နန်းကျဘုရင်လို သိမ်ငယ်နေရမယ့် ဘဝကို မရွေးချယ်ခဲ့ဘူး။
■ ဂန္ထဝင်တစ်ဦးရဲ့ အတိတ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















