မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်က ၎င်း၏နိုင်ငံသည် စစ်အင်အားကြီး နိုင်ငံဖြစ်လာစေရေးအတွက် ခြေလှမ်းများကို မြန်မြန်လှမ်းမည်ဟုပြောကြားခဲ့ပြီး တိုက်ခိုက်ခံရမည်ဆိုပါက နျူကလီးယားလက်နက်များ အသုံးပြုမည်ဟု ပြောကြား

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်က ၎င်း၏နိုင်ငံသည် စစ်အင်အားကြီး နိုင်ငံဖြစ်လာစေရေးအတွက် ခြေလှမ်းများကို မြန်မြန်လှမ်းမည်ဟုပြောကြားခဲ့ပြီး တိုက်ခိုက်ခံရမည်ဆိုပါက နျူကလီးယားလက်နက်များ အသုံးပြုမည်ဟု ပြောကြား
ပြုံယမ်းရှိ အမျိုးသားကာကွယ်ရေးတက္ကသိုလ်ကို  ရောက်လာသည့် ကင်ဂျုံအွန်ကို အောက်တိုဘာ ၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ပြုံယမ်းရှိ အမျိုးသားကာကွယ်ရေးတက္ကသိုလ်ကို  ရောက်လာသည့် ကင်ဂျုံအွန်ကို အောက်တိုဘာ ၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 8 October 2024

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်က ၎င်း၏နိုင်ငံသည် စစ်အင်အားကြီးနိုင်ငံဖြစ်လာစေရေးအတွက် ခြေလှမ်းများကိုမြန်မြန်လှမ်းသွားမည်ဟု ပြောကြားခဲ့ပြီးရန်သူ၏ တိုက်ခိုက်မှုကိုခံရမည်ဆိုပါက နျူ ကလီးယားလက်နက်များအသုံးပြုခြင်းကို  ငြင်းပယ်လိမ့်မည်မဟုတ်ဟုပြောကြားခဲ့ကြောင်း အစိုးရပိုင် သတင်းဌာန KCNA က အောက်တိုဘာ ၈ ရက်တွင် ဖော်ပြခဲ့သည်။

မဟာဗျူဟာမြောက် လက်နက်များကိုပင်ပိုင်ဆိုင်ထားခြင်းမရှိဆိုသောအချက်ကို ဖော့၍ပြောဆိုရန် ကင်က တောင်ကိုရီးယား သမ္မတယွန်းဆက်ယိုလ်ကိုတစ်ပတ်အတွင်း ဒုတိယအကြိမ်နာမည်တပ်ပြောကြားခဲ့ပြီး ဆိုးလ်သည်ဒေသတွင်း မတည်မငြိမ်ဖြစ်စေရန် အမေရိကန်နှင့်အတူလျှို့ဝှက်ကြံစည်နေသည့်အတွက် ရှုတ်ချသည်ဟု ပြောကြားခဲ့သည်။

“ယွန်းဆက်ယိုလ်ဟာ သူ့မိန့်ခွန်းထဲမှာ  မြောက်ကိုရီးယားအဆုံးသတ်စေမယ့် မကောင်းတဲ့ အောက်တန်းကျတဲ့စကားအချို့ကို ပြောခဲ့ပါတယ်။ အဲဒါဟာ သူ့ဆရာရဲ့ အင် အားကိုသူ့ရဲ့ကြောင်းကျိုးမမြင်တဲ့ယုံ ကြည်မှုက သူ့ကိုလုံးဝ၀ါးမျိုသွားပြီဆိုတာကိုပြနေတာပါ”ဟု ကင်ကပြောကြားခဲ့ကြောင်း KCNA က ဖော်ပြခဲ့ပြီး အမေရိကန်နှင့်တောင်ကိုရီးယားတို့၏မဟာမိတ်ကို ရည်ညွှန်းခဲ့သည်။

“ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့က တောင်ကိုရီးယားကို တိုက်ဖို့ လုံးလုံးမရည်ရွယ်ပါဘူး”ဟု ထိပ်တန်း စစ်ရေးကျွမ်းကျင်သူများအတွက် လေ့ကျင့်ရေးကွင်းဖြစ်သော “ကင်ဂျုံအွန်အမျိုးသားကာကွယ်ရေးတက္ကသိုလ်” တွင်ပြောကြားသော မိန့်ခွန်း၌ ကင်က ပြောကြားခဲ့သည်။

“စစ်အင်အားအသုံးပြုရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့သဘောထားရပ်တည်ချက်ကို ပြောတဲ့အခါတိုင်း အကယ်၍များဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်က ပြတ်ပြတ်သားသားသုံးခဲ့တယ်။ အမြဲတမ်းသုံးခဲ့ပါ တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

“ရန်သူက ကျွန်တော်တို့ရဲ့နိုင်ငံကို အင်အားအသုံးပြုဖို့ကြိုးစားမယ်ဆိုရင် မြောက်ကိုရီးယားရဲ့စစ်တပ်က ထိုးစစ်စွမ်းရည်အားလုံးကို မဆိုင်းမတွ အသုံးပြုရပါလိမ့်မယ်။ နျူကလီးယားလက်နက်တွေ အသုံးပြုတာကို ပိတ်ပင်မှာမဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

“စစ်အင်အားကြီးနိုင်ငံဖြစ်လာစေဖို့ ကျွန်တော်တို့လှမ်းနေတဲ့ ခြေလှမ်းတွေဟာ အရှိန်မြန်လာပါလိမ့်မယ်”ဟု ၎င်းက ဖြည့် စွက်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်အစီအစဉ်ကို အကောင်အထည်ဖော်နေသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်ပြီး လက်နက်ဒါဇင်ပေါင်းများစွာကို တည်ဆောက်ရန် ကွဲပွားခြင်းဖြင့် နျူကလီးယား စွမ်းအင်ထုတ်နိုင်သော ပစ္စည်းများ အလုံအလောက်ရှိနေသည်။ မြောက်ကိုရီးယားသည် မြေအောက်နျူကလီးယားဖောက်ခွဲစမ်းသပ်မှု ခြောက်ကြိမ်လုပ်ဆောင်ထားသည်။

တောင်ကိုရီးယားသည် ကြီးမားသော နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်သော ပဲ့ထိန်းဒုံးကျည်ကို ပြသခဲ့ပြီး အမေရိကန်မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ကို အနိမ့်ပျံစေခြင်းတို့ဖြင့် ကြီးမားသော စစ်ရေးပြ အ ခမ်းအနားနှင့်အတူ နှစ်စဉ်ကျင်းပသောတပ်မတော်နေ့ကို အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်ခဲ့သည်။

ထိုနေ့က မိန့်ခွန်း၌ တောင်ကိုရီးယား သမ္မတက နျူကလီးယားလက်နက်များအသုံးပြုခြင်းနှင့် ပတ်သက်၍ မြောက်ကိုရီးယားကိုသတိပေးခဲ့သည်။“နျူကလီးယားလက် နက်အသုံးပြုတဲ့နေ့ဟာ မြောက်ကိုရီးယားအစိုးရရဲ့အဆုံးသတ်ကို မြင်ရမယ့်နေ့ပါပဲ”ဟု ပြောကြားခဲ့သည်။                   

Ref: Reuters

Most Read

Most Recent