ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးနှင့် အာရပ်ခေါင်းဆောင်များအပေါ်ထားရှိသည့် ဖိအားများကို အမေရိကန်က ဖြေလျှော့မည်မဟုတ်ဟု ဒုတိယသမ္မတ ကာမလာဟဲရစ် ပြောကြား

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးနှင့် အာရပ်ခေါင်းဆောင်များအပေါ်ထားရှိသည့် ဖိအားများကို အမေရိကန်က ဖြေလျှော့မည်မဟုတ်ဟု ဒုတိယသမ္မတ ကာမလာဟဲရစ် ပြောကြား
အောက်တိုဘာ ၄ ရက်က မီချီဂန်ပြည်နယ် ဖလင့်မြို့တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် ဒုသမ္မတ ကာမလာဟဲရစ်ကိုတွေ့ရစဉ်(Photo:AFP)
အောက်တိုဘာ ၄ ရက်က မီချီဂန်ပြည်နယ် ဖလင့်မြို့တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် ဒုသမ္မတ ကာမလာဟဲရစ်ကိုတွေ့ရစဉ်(Photo:AFP)
Published 7 October 2024

ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် အစ္စရေးနှင့် အာရပ်ခေါင်းဆောင်များအပေါ်ထားရှိသည့် အမေရိကန်၏ ဖိအားများကို ဖြေလျှော့ပေးမည်မဟုတ်ကြောင်း အ မေရိကန် ဒုတိယသမ္မတကာမလာဟဲရစ်က အောက်တိုဘာ ၆ ရက်က ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အမေရိကန်သည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ဓားစာခံများပြန်လည် လွတ်မြောက်ရေး၊ အပစ်အခတ်ရပ်စဲရေးများ ရရှိရန်အတွက် အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဟဲရစ်က ပြောသည်။

“ကျွန်မတို့အနေနဲ့ အစ္စရေးနဲ့ အာရပ်ခေါင်းဆောင်တွေအပါအဝင် ဒေသတွင်းထားရှိတဲ့ ဖိအားတွေကို ရပ်တန့်သွားမှာ မဟုတ်ပါဘူး”ဟု ဟဲရစ်က CBS ရုပ်သံလိုင်း၏ 60 Minutes အစီအစဉ်တွင် ပြောကြားခဲ့သည်။

သို့သော် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ယာဟုသည် နားထောင်ခြင်းမရှိကြောင်း CBS ရုပ်သံလိုင်း၏ သတင်းထောက် ဘီလ်ဝီတာကာက ဟဲရစ်ကို ပြောကြားခဲ့ပြီး ထိုအင်တာဗျူးအပြည့်အစုံကို အမေရိကန်၏ အောက်တိုဘာ ၇ ရက်တွင် ထုတ်လွှင့်မည် ဖြစ်သည်။

ဒီမိုကရက်တစ် သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဟဲရစ်က ဒေသတွင်း အစ္စရေး၏ လှုပ်ရှားဆောင်ရွက်မှုများသည် အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုများ၏ ရလဒ်ဖြစ်ပြီး ထိုအခြေအနေသည် ဒေသတွင်း လုပ်ဆောင်ရန် လိုအပ်သည့် မိမိတို့၏ ထောက်ခံအားပေးမှုအပါအဝင် အခြေအနေ အများအပြားကို ဖြစ်ပေါ်စေခဲ့ကြောင်း ဟဲရစ်က ပြောကြားခဲ့သည်။

အစ္စရေးအပေါ် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ရည်ညွှန်းပြောဆိုရာတွင် ဟဲရစ်က ထိုကဲ့သို့ တိုက်ခိုက်မှုများကို ဆန့်ကျင်ရာတွင် အစ္စရေးအနေဖြင့် မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ရှိသည်ဟု ခွင့်ပြုနိုင်ပြီး၊ မိမိ တို့အတွက် အလွန်အရေးကြီးသည့် အရေးကိစ္စဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အစ္စရေးသည် အောက်တိုဘာ ၇ ရက်တွင် ကျရောက်သည့် အစ္စရေးကို ဟားမာ့စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တစ်နှစ်ပြည့် နှစ်ပတ်လည်မတိုင်မီ အစ္စရေးတပ်ဖွဲ့များကို အောက်တိုဘာ ၅ ရက်တွင် တပ်လှန့်နှိုးဆော်ထားသည်။

အစ္စရေးစစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဟာဇီဟာလီဗီက ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ညှိနှိုင်းမှု သို့မဟုတ် တိုက်ခိုက်မှုများကို ဆိုင်းငံ့မှုများ ပြုလုပ်မည်မဟုတ်ကြောင်း  ပြောကြားခဲ့မှုနှင့်အတူ အစ္စရေးစစ်တပ်က လက်ဘနွန်တွင် တိုက်ပွဲကို အရှိန်မြှင့်နေစဉ် အဆိုပါ တပ်လှန့်နှိုးဆော်ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အစ္စရေးသည် ဟားမာ့စ်အဖွဲ့၏ မဟာမိတ်ဖြစ်သည့် လက်ဘနွန်နိုင်ငံရှိ  ဟစ်ဇ်ဘိုလာအဖွဲ့ကို အဓိကအာရုံစိုက်ပြီး တိုက်ခိုက်လျက်ရှိကာ အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကိုလည်း တုံ့ပြန်သွားမည်ဟု သတိပေး ခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အရာချီကမူ အီရန်အပေါ် မည်သည့်တိုက်ခိုက်မှုကို မဆို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု အောက်တိုဘာ ၅ ရက်က သတိပေးခဲ့သည်။“အစ္စရေးရဲ့ ဘယ်လိုတိုက်ခိုက်မှုကိုမဆို တုံ့ပြန်သွားမယ်ဆိုတာ ရှင်းလင်းစွာ ပြောကြားလိုပါတယ်”ဟု အာဘက်စ်က ပြော ကြားခဲ့သည်။                            

Ref:AFP

Most Read

Most Recent