အစ္စရေးက လက်ဘနွန်ကို တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိစဉ် ဟစ်ဇဘိုလာက အစ္စရေးမြို့ကြီး ဟိုင်ဖာကို ဒုံးကျည်များဖြင့် ပစ်ခတ်

အစ္စရေးက လက်ဘနွန်ကို တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိစဉ် ဟစ်ဇဘိုလာက အစ္စရေးမြို့ကြီး ဟိုင်ဖာကို ဒုံးကျည်များဖြင့် ပစ်ခတ်
အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘေရွတ်တောင်ပိုင်း၌ ပျက်စီးနေပုံကို အောက်တိုဘာ ၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘေရွတ်တောင်ပိုင်း၌ ပျက်စီးနေပုံကို အောက်တိုဘာ ၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 8 October 2024

အရှေ့အလယ်ပိုင်းကိုကူးစက်သွား သောဂါဇာစစ်ပွဲ၏ ပထမနှစ်ပတ်လည်တွင် အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို မြေပြင်စီးနင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိစဉ် အောက်တိုဘာ ၇ ရက်တွင် ဟစ်ဇဘိုလာက အစ္စရေးတတိယအကြီးဆုံးမြို့ဟိုင်ဖာကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။

ဟားမာ့စ်၏မဟာမိတ်ဖြစ်ပြီး အီရန်ကျောထောက်နောက်ခံပြုဟစ်ဇဘိုလာ အုပ်စုကဖာဒီအမှတ်တစ် ဒုံးကျည်များဖြင့် ဟိုင်ဖာတောင်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုကို ပစ်မှတ်ထားခဲ့ပြီး ယင်းနေရာနှင့် ၆၅ ကီလိုမီတာဝေးသော တီဘာရီးယက်စ်ကိုလည်း နောက်ထပ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

အောက်တိုဘာ ၇ ရက် နှောင်းပိုင်းတွင် ဟိုင်ဖာမြောက်ပိုင်း ဧရိယာများကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဟစ်ဇဘိုလာက ပြောကြားခဲ့သည်။ အောက်တိုဘာ ၇ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ဒုံးကျည် ၁၃၅ စင်းခန့် အစ္စရေးပိုင်နက်ထဲကို ဝင်လာခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ဟိုင်ဖာ ဧရိယာတွင် လူ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး အစ္စရေးအလယ်ပိုင်းရှိ တောင်ပိုင်းကျကျနေရာ၌ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

လေတပ်က လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇဘိုလာပစ်မှတ်များကို အကြီးအကျယ် ဗုံးကြဲခဲ့သည်ဟု အစ္စရေးစစ်တပ်ကပြောကြားခဲ့သည်။ နယ်စပ်ဒေသတိုက်ပွဲများတွင် အစ္စရေးစစ်သားနှစ်ဦး ကျဆုံးခဲ့သောကြောင့် လက်ဘနွန်နိုင်ငံထဲတွင် လက်ရှိအချိန်ထိ အစ္စရေးစစ်သားသေဆုံးသူအရေအတွက် သည် ၁၁ ဦးရှိသည်ဟု ဆိုသည်။

နယ်စပ်မြို့ဘင့်ဂျဘေးက စည်ပင်သာယာအဆောက်အအုံကို အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် မီးသတ်သမား ၁၀ ဦး သေဆုံးသွားခဲ့သည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့ အပြင်အောက်တိုဘာ ၆ ရက်တွင် အခြားလေကြောင်းတိုက်ခိုက်မှုများအတွင်း လူ ၂၂ ဦးသေဆုံးခဲ့ရာ သေဆုံးသူများသည် လက်ဘနွန်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့ရှိ မြို့များမှဖြစ်သည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်ကမူ ၎င်း၏မြေပြင်စစ် ဆင်ရေးသည် ဒေသအလိုက်ကွက်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး အကန့်အသတ်ဖြင့်လုပ်ဆောင်ခြင်းဖြစ်ကာ ပစ်မှတ်ထားလုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားထားသော်လည်း လွန်ခဲ့သောသီတင်းပတ်မှစတင်၍ အစ္စရေးစစ်တပ်က မြေပြင်စစ်ဆင်ရေးကို တဖြည်းဖြည်းအင်အားတိုးလာခဲ့သည်။

ဟစ်ဇဘိုလာနှင့်လွန်ခဲ့သောနှစ်အထိ  နယ်စပ်ဖြတ်ကျော်အပြန်အလှန် ပစ်ခတ်ခဲ့သော အစ္စရေးစစ်သားများတည်ရှိရာ အစ္စရေးမြောက်ပိုင်း၌ တစ်နှစ်ကြာစစ်ဆင်ရေးများပြီးဆုံးသွားပြီးနောက် အမှတ် ၉၁ တပ်မမှစစ်သားများကို လက်ဘနွန်တောင်ပိုင်းသို့ ရွှေ့လိုက်သည်ဟု အောက်တိုဘာ ၇ ရက်တွင် အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

လွန်ခဲ့သော တစ်ရက်တွင် ကွန်မန်ဒိုတပ်ဖွဲ့များက နယ်စပ်ကို ဖြတ်ကျော်ခဲ့ပြီးနောက် အမြဲတမ်းသံချပ်ကာတပ်နှင့်ခြေလျင်တပ်တို့သည် လက်ဘနွန်နိုင်ငံထဲကိုရောက်သွားပြီဟု လွန်ခဲ့သော သီတင်းပတ်တွင် အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

တပ်ဖွဲ့များ စစ်ဆင်ရေးလုပ်နေသောနေရာကို အစ္စရေးစစ်တပ်က တိကျစွာပြောကြားခြင်းမရှိသော်လည်း ယင်းတပ်ဖွဲ့များကို လက်ဘနွန်နိုင်ငံ၏အတွင်းပိုင်းထဲအထိစေလွှတ်ရန် အစီအစဉ်မရှိဟု ဆိုသည်။ ၎င်းတို့ ၏ရည်ရွယ်ချက်မှာ ဟစ်ဇဘိုလာတိုက်ခိုက်ရေးသမားများ အမြစ်တွယ်နေသည့် နယ်စပ်ဒေသများကို ရှင်းလင်းရန်ဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် အစ္စရေးတိုက်ခိုက်ရေးသမား ၁၀၀ ဝန်းကျင်က တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။ လက်ဘနွန်တောင်ပိုင်းရှိပစ်မှတ် ၁၂၀ ကို တစ်နာရီအတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဟစ်ဇဘိုလာဒုံးကျည်တပ်ဖွဲ့၊ ရက်ဝမ်အထူးတပ်တို့ကို တိုက် ခိုက်ခဲ့သည်ဟု သိရသည်။     

Ref: Reuters

Most Read

Most Recent