Trail of the Century၊ မန်စီးတီးအရှုပ်တော်ပုံ တရားခွင်ရောက်ပြီ

Trail of the Century၊ မန်စီးတီးအရှုပ်တော်ပုံ တရားခွင်ရောက်ပြီ
Photos: X
Photos: X
Published 18 September 2024
AK

ဘဏ္ဍာရေးမသမာမှုလုပ်လို့ အမှုပေါင်း ၁၀၀ ကျော်ရင်ဆိုင်နေရတဲ့မန်စီးတီးရဲ့အမှုကို စတင်စစ်ဆေးပါပြီ။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ပရီးမီးယားလိဂ်လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်က ဦးဆောင်စစ်ဆေးခဲ့တာပါ။ မန်စီးတီးရဲ့ဘဏ္ဍာရေး စည်းမျဉ်းဖောက်ပြန်မှုကို လေးနှစ်ကြာ စုံစမ်းစစ်ဆေးပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ စွဲချက်တင်ခဲ့တာပါ။ မန်စီးတီးက ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းကလည်း မန်စီးတီးကို UEFA က ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုနဲ့စွဲချက်တင်ပြီး အရေးယူခဲ့ဖူးတယ်။ ဒါပေမဲ့ မန်စီးတီးက နိုင်ငံတကာအားကစားခုံရုံး CAS ဆီ အယူခံဝင်ပြီး အောင်မြင်ခဲ့လို့ ငွေဒဏ်သာချမှတ်ခံရပါတယ်။ အခုတစ်ခါမှာ မန်စီးတီးကပြစ်ဒဏ်ရှောင်လွှဲလို့ရပါဦးမလား။

 

Most Read

Most Recent