သောင်ရင်းမြစ်ရေ ဆက်လက် မြင့်တက်နေပြီး မဲဆောက် ရေပေါ်ဈေး အပါအဝင် အနိမ့်ပိုင်း နေရာများ ရေနစ်မြုပ်

သောင်ရင်းမြစ်ရေ ဆက်လက် မြင့်တက်နေပြီး မဲဆောက် ရေပေါ်ဈေး အပါအဝင် အနိမ့်ပိုင်း နေရာများ ရေနစ်မြုပ်
Photo - kogyi mhan
Photo - kogyi mhan
Published 11 September 2024

စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းထိ သောင်ရင်းမြစ်ရေ ဆက်လက်မြင့်တက်နေပြီ မြဝတီမြို့နည်းတူ ထိုင်းနိုင်ငံ မဲဆောက်ဘက်ကမ်းရှိ ရေပေါ်စျေးအပါအဝင် အနိမ့်ပိုင်းနေရာများရေနစ်မြုပ် လျက်ရှိကြောင်းသိရသည်။

သောင်ရင်းမြစ်ရေသည် တောင်ကျချောင်းရေများနှင့်အတူ အရှိန်အဟုန်ဖြင့်စီးဆင်းလာပြီး မဲဆောက်ဘက် မြစ်ကမ်းပါးရှိ အဆောက်အဦ၊ရုံးများနှင့် ရေပေါ် စျေး.၊ဂျပန်တပတ်ရစ်ကားများ သိုလှောင်ရောင်းချသော နေရာများတွင် ရေနစ်မြုပ် လျက် ရှိသည်ဟု သိရသည်။

ဒေါနတောင်တန်း တောင်ဘက်အစွန်းရှိ မုလအိတောင်တန်း၌ မိုးများပြီး ဝါလေချောင်း၊ဂေါ်လီချောင်း၊မဲကလာ ချောင်းတို့မှ စီးဆင်းလာသည် မိုးရေများကြောင့်  သောင်ရင်းမြစ်ရေ မြင့်တက်လာပြီး ကမ်းစပ်တလျှောက်ရှိ အနိမ့်ပိုင်းတွင် နေထိုင်သူများ ရေဘေးသင့်ကာ ဒုက္ခများ ရောက်ကြကြောင်း မဲဆောက်တွင်နေထိုင်သူ ကိုကြီးမန်း က ပြောကြားသည်။

" မြဝတီ မှာ ရပ်ကွက်တွေရေမြုပ်သလို မဲဆောက်ဘက်မှာလည်းရေနစ်နေပါတယ်။အမှတ်၁ ချစ်ကြည်ရေးတံတားပတ်ဝန်းကျင်မှာရှိတဲ့ ရုံးခန်းတွေ၊ရေပေါ်စျေးလည်းမြုပ်သွားပါပြီ၊တံတားခြေရင်းမှာလည်း ရေတွေမြုပ်နေတော့ အသွားအလာမရတော့ပါဘူး""ဟု ဆိုသည်။

ယခုနှစ် ဇူလိုင်နောက်ဆုံးပတ်က ပထမအကြိမ် ရေကြီး ရေလျှံဖြစ်ခဲ့စဉ်ကထက် ရေပိုမို မြင့်တက်လာပြီး   မဲဆောက် ကမ်းနဖူးနှင့် မြဝတီဘက်တွင် ရေ ဘေးသင့်ပြည်သူလည်းပိုမိုများပြားလျှက်ရှိသည်။

မြဝတီမြို့ တွင် စာသင်ကျောင်းသုံးကျောင်းထက်မနည်း ရေဝင်နစ်မြုပ်ကာ ကျောင်းများပိတ်ထားရကြောင်းသိရသည်။

 

Most Read

Most Recent