တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းရှိ ဆိုက်ခေါင်တံတား ရေကြီးရေလျှံမှုကြောင့် ပျက်စီးပြိုကျပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်

တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းရှိ ဆိုက်ခေါင်တံတား ရေကြီးရေလျှံမှုကြောင့် ပျက်စီးပြိုကျပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
Published 11 September 2024

        တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းရှိ ဆိုက်ခေါင်တံတား ရေကြီးရေလျှံမှုကြောင့် ပျက်စီးပြိုကျခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေသည်ဟု ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ တံတားမှာ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ရေကြီးရေလျှံမှုနှင့် ရေတိုက်စားမှုကြောင့် ခါးလယ်မှ ပြတ်တောက်ခဲ့သည်ကို ဒေသခံအချို့၏ လူမှုကွန်ရက်စာမျက်နှာအချို့တွင် ဖော်ပြထားသည်။

 တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းရှိ ဆိုက်ခေါင်တံတားမှာ ယင်းလမ်းပိုင်းအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်ပြီး လတ်တလောတွင် ဆက်သွယ်သွားလာနိုင်ခြင်းမရှိကြောင်း ဒေသခံအချို့က ပြောကြားသည်။

 " အခုထိတော့ မိုးလည်းရွာနေတယ်။ တံတားက ခါးလယ်က ကျိုးသွားတာဆိုတော့လေ" ဟု မိုင်းဆတ်ဒေသခံတစ်ဦးက ပြောကြားသည်။

မိုင်းဆတ်မြို့တွင် စက်တင်ဘာ ၉ ရက်မှ စတင်ကာ ရေကြီးရေလျှံမှုဖြစ်ပွားပြီး လက်ရှိအချိန်အထိ ရေကျဆင်းခြင်းမရှိသေးကြောင်း သိရသည်။

 လက်ရှိတွင် မုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent