မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်မည်ဖြစ်ကြောင်း TNLA အဖွဲ့အား သတိပေးစာပေးပို့မှုနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် တရုတ်ပြောကြား

မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်မည်ဖြစ်ကြောင်း TNLA အဖွဲ့အား သတိပေးစာပေးပို့မှုနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် တရုတ်ပြောကြား
Published 31 August 2024

မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian ကပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သြဂုတ် ၃၀ ရက်တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် AFP က မေးမြန်းသည် တရုတ်နိုင်ငံသည် TNLA ကို မြန်မာ-တရုတ်နယ်စပ်ဒေသနှင့် နီးစပ်သည့်နေရာတွင် စစ်ရေးလှုပ်ရှားမှုရပ်တန့်ရန် တောင်းဆိုမှုရှိ မရှိနှင့် လက်ရှိ တရုတ်-မြန်မာနယ်စပ်ဒေသ အခြေအနေနှင့်ပတ်သက်၍ မေးခွန်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ထပ်ဆင့် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည့်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian က ‘’ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှုအခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် အမြဲတစေ စိတ်ရင်းအမှန်ဖြင့် မျှော်လင့်ပြီး တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

တအာင်းအမျိုသားလွတ်မြောက်ရေး တပ်မတော်(TNLA)အနေဖြင့် တရုတ်နယ်စပ်ဒေသ၊ နယ်စပ်အရပ်သူအရပ်သားများနှင့် မြန်မာပြည်တွင်းရှိတ ရုတ်ပြည်သား၊ လုပ်ငန်းများနှင့်သက်ဆိုင်သောလုံခြုံမှုများကို အာမခံပေးရန် တရုတ်နိုင်ငံ၏နယ်စပ်ဒေသ အေး ချမ်းတည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသားအသက်၊ ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိ စစ်ရေးအပြုအမူကိုပပျောက် အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက တရုတ်နိုင်ငံအနေဖြင့် TNLA အပေါ်ကြောက်ရွံ့ကျိုးနွံ့ခြင်းနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဖြစ်ပြီး ဖြစ် ပေါ်သည့်အကျိုးဆက်များအားလုံးကို TNLA အဖွဲ့ကိုယ်တိုင်တာဝန်ယူရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ရွှေလီမြီု့ နိုင်ငံတော်လုံခြုံရေးကော်မတီက TNLA ထံ သြဂုတ် ၂၉ ရက်က စာပေးပို့ခဲ့ခြင်းဖြစ်သည်။

TNLA အနေဖြင့် အခြေအနေကိုရှင်းရှင်းလင်းလင်းနားလည်ပြီး တရုတ်နိုင်ငံနှင့် အတူငြိမ်းချမ်းရေးမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ပြီး ကွဲလွဲမှုများကိုညှိနှိုင်းဖြေရှင်းရန်အတွက် မှန်ကန်သောလမ်းကြောင်းသို့ အမြန်ဆုံးပြန်လာမည်ဟုမျှော်လင့်ကြောင်းနှင့် ယင်းအခြေခံပေါ်တွင် တရုတ်နိုင်ငံသည် အပြုသဘောဆောင်သောအခန်းကဏ္ဍဍမှ ဆက်လက်ပါဝင်၍မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုကူညီမည်ဖြစ် ကြောင်းနှင့် TNLA အတွက ်သင့်လျော်သည့် တရားဝင်အခွင့် အရေးများနှင့် အကျိုးစီးပွားများကိုရရှိစေရန်၊ ကျန်းမာစွာနေထိုင်ဖွံ့ဖြိုးရေးအကောင်အထည်ဖော်ဆောင်ရန် ကူညီပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ဆိုသည်။

 

 

Most Read

Most Recent