လာမည့် သီတင်းပတ်များအတွင်း သမ္မတရှီနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် သမ္မတဘိုင်ဒင် မျှော်လင့်နေဟု အိမ်ဖြူတော်  အမျိုးသားလုံခြုံရေးအကြံပေး ပြောကြား

လာမည့် သီတင်းပတ်များအတွင်း သမ္မတရှီနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် သမ္မတဘိုင်ဒင် မျှော်လင့်နေဟု အိမ်ဖြူတော်  အမျိုးသားလုံခြုံရေးအကြံပေး ပြောကြား
Photo-AFP
Photo-AFP
Published 29 August 2024

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် လာမည့်သီတင်းပတ်များအတွင်း တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် မျှော်လင့်လျက်ရှိကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ်ဆူလီ ဗန်က ပေကျင်း၌ တရုတ်သမ္မတနှင့် တွေ့ဆုံစဉ်အတွင်း ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် နောက်ပိုင်း တရုတ်သို့ ပထမဆုံးလာရောက်သည့် အမေရိကန် အမျိုးသားလုံခြုံရေး အ ကြံပေးဖြစ်သော ဆူလီဗန်သည် သြဂုတ် ၂၉ ရက်က သမ္မတရှီနှင့် တွေ့ဆုံခဲ့ပြီးနောက် ၎င်း၏ သုံးရက်ကြာခရီးစဉ် ပြီးဆုံးသွားပြီဖြစ်သည်။ ဆူလီဗန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အခြား အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံခဲ့သည်။

သမ္မတဘိုင်ဒင်အနေ ဖြင့်လာမည့်သီတင်းပတ်များအတွင်း အဆွေတော် သမ္မတကြီးနှင့် ဆွေးနွေးမှုများ ထပ်မံပြု လုပ်ရန်စောင့်မျှော်လျက်ရှိကြောင်း ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ သမ္မတရှီနှင့် တွေ့ဆုံရာတွင် ဆူလီဗန်က ပြောကြားခဲ့သည်။

“ယှဉ် ပြိုင်မှုကနေ ပဋိပက္ခ ဒါမှမဟုတ် ထိပ်တိုက်တွေ့မှုအဖြစ် ကူးပြောင်းမသွားစေဖို့  လက်ငင်းအကျိုးရှိစေတဲ့ ဒီဆက်ဆံရေးကို တာဝန်သိသိကိုင်တွယ်စီမံဖို့နဲ့ အကျိုးစီးပွားချင်းဆက်နွှယ်နေတဲ့ နယ်ပယ်တွေမှာ အတူ တကွ ပူးပေါင်းဆောင်ရွက်သွားဖို့ သမ္မတဘိုင်ဒင်က စိတ်ပိုင်းဖြတ်ထားပါတယ်”ဟု ၎င်းက ဆိုသည်။ ကြီးမားသော အပြောင်းအလဲများ ရှိနေသော်လည်း တရုတ်နှင့် အမေရိကန်တို့သည် ကောင်းမွန်သော ဆက်ဆံရေးကို ရရှိနိုင်ဆဲဖြစ်ကြောင်း ရှီက ပြန်လည်ပြောကြားခဲ့သည်။          

Ref: AFP

Most Read

Most Recent