ယူရိုပါလိဂ် နှင့် ကွန်းဖရန့်လိဂ် ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ် နှင့် ကွန်းဖရန့်လိဂ် ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 29 August 2024

ဘက်ဆစ်တက် နှင့် လူဂါနို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၃၀ နာရီ)

ပထမအကျော့မှာ ဘက်ဆစ်တက်အသင်း အကြိမ်ကြိမ် ဦးဆောင်ပြီးမှ သရေကျခဲ့ရတယ်။ တူရကီမြေမှာလည်း ဘက်ဆစ်တက်အသင်းအတွက် အခက်အခဲမရှိလောက်ဘူး။ ဘက်ဆစ်တက် ဂိုးပြတ်ဖို့များတယ်။

အေဂျက်စ် နှင့် ယာဂယ်လိုနီယာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၃၀ နာရီ)

အေဂျက်စ်အသင်းက အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရထားလို့ ဖိအားမရှိတော့ဘူး။ ဒါ့အပြင် ဒီပွဲပြီးရင် ဖီယင်နုအသင်းနဲ့ အမှတ်ပေးပွဲကျပ် ကစားရဖို့ရှိတာ ထည့်တွက်ရလိမ့်မယ်။ အေဂျက်စ်အသင်း (၃)ဂိုး မပြတ်လောက်ဘူး။

ဆာဗက်တေ နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် သောကြာနံနက် ၁းဝ၀ နာရီ)

ချယ်လ်ဆီးအသင်း ပထမအကျော့မှာ ဂိုးသွင်းခွင့်တွေ အတော်ရခဲ့သလို၊ ဖြုန်းတီးမှုတွေလည်း များခဲ့ပါတယ်။ ဆာဗက်တေအသင်းကလည်း ချယ်လ်ဆီးဘက်ကို တန်ပြန်ခြိမ်းခြောက်မှုတချို့ ပြုလုပ်နိုင်ခဲ့တာ တွေ့ရတယ်။ အခု အိမ်ကွင်းပွဲမှာ ချယ်လ်ဆီးကို ဒုက္ခတွေ့စေနိုင်လောက်တဲ့အထိ ဖိအားပေးမှုမျိုး လုပ်နိုင်မှာတော့ မဟုတ်ပါဘူး။ ချယ်လ်ဆီးအသင်း နိုင်ပွဲဆက်ဦးမယ်။

ပွတ်ရှ်ကပ်စ် နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ပထမအကျော့ အိမ်ကွင်းမှာ ဖီအိုရင်တီးနားအသင်း နှစ်ဂိုးအရှုံးကနေ လိုက်ကစားရပြီးမှ သရေကျခဲ့တာဖြစ်တယ်။ အဝေးကွင်းကစားရမှာဖြစ်လို့ ဖီအိုရင်တီးနားအတွက် စိန်ခေါ်မှုများပေမဲ့ အနိုင်ကစားလိမ့်မယ်။

ဘက်တစ် နှင့် ခရီဘတ်စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရထားလို့ ဘက်တစ်အသင်းအတွက် ပူပန်စရာမလိုတော့ဘူး။ ပြိုင်ဘက်ကလည်း ဘက်တစ်အသင်းထက် အဖက်ဖက်က နိမ့်ပါးနေတယ်။ ဘက်တစ်အသင်း အနိမ့်ဆုံး(၂)ဂိုးပြတ်လိမ့်မယ်။

Most Read

Most Recent