■ နယ်မြေ အခြေအ‌နေကြောင့် ခေတ္တ ရပ်ဆိုင်းခဲ့သည့် မြင်းခြံမြို့ရှိ လျှပ်စစ် ဓာတ်အားပေးစက်ရုံ ပြန်လည် လည်ပတ်

■ နယ်မြေ အခြေအ‌နေကြောင့် ခေတ္တ ရပ်ဆိုင်းခဲ့သည့် မြင်းခြံမြို့ရှိ လျှပ်စစ် ဓာတ်အားပေးစက်ရုံ ပြန်လည် လည်ပတ်
စင်ကာပူအခြေစိုက် Sembcorp ကုမ္ပဏီက လုပ်ကိုင်နေသည့် ၂၂၅ မဂ္ဂါဝပ် မြင်းခြံ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ်(
စင်ကာပူအခြေစိုက် Sembcorp ကုမ္ပဏီက လုပ်ကိုင်နေသည့် ၂၂၅ မဂ္ဂါဝပ် မြင်းခြံ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ်(
Published 25 August 2024

နယ်မြေအခြေအ‌နေကြောင့် ခေတ္တရပ်ဆိုင်းခဲ့သည့် မြင်းခြံမြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်လည်ပတ်နေပြီဟု အဆိုပါလျှပ်စစ်ဓာတ်အားပေးစက်ရုံကို လုပ်ကိုင်ခွင့်ရရှိထားသည့် စင်္ကာပူအခြေစိုက် Sembcorp Industries (Sembcorp) က ဩဂုတ် ၂၃ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဓာတ်အားပေးစက်ရုံကို လုံခြုံရေးအခြေအနေအရ ပြီးခဲ့သည့် ဩဂုတ် ၁၂ရက်တွင် လည်ပတ်မှု ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်စက်ရုံအနီးဝန်းကျင်တစ်ဝိုက်တွင် ပဋိပက္ခအခြေအနေ များ လျော့ပါးသွားပြီး  ကုမ္ပဏီဝန်ထမ်းများအတွက် အန္တရာယ်မရှိ တော့သဖြင့် ပြန်လည်ပတ်ခြင်းဖြစ်သည်ဟု ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စက်ရုံပြန်လည်လည်ပတ်ရန် မြန်မာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယင်းစက်ရုံမှာ သဘာဝ ဓာတ်ငွေ့သုံး combined-cycle gas turbine အမျိုးအစား ဖြစ်သည်။

စင်ကာပူအခြေစိုက် Sembcorp ကုမ္ပဏီက လုပ်ကိုင်နေသည့် မြင်းခြံ ၂၂၅ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကို ၂၀၁၉ ခုနှစ် မတ် ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခင်အစိုးရလက်ထက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ မြင်းခြံဒေသ၊ အမှတ်(၁)သံမဏိစက်ရုံအနီး၌ IPP/BOT စနစ်ဖြင့် ၂၂၅ မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ စီမံကိန်းများကို ဆောင်ရွက်ခဲ့သည်။

Most Read

Most Recent