■ စီးရီးအေပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 23 August 2024

ပါးမား - အေစီမီလန် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၁၁:၀၀ နာရီ)

အေစီမီလန်က အဖွင့်ပွဲမှာ နောက်ကျချေပဂိုးတွေကြောင့် ရှုံးပွဲမတွေ့ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အဲဒီပွဲမှာ လူစားဝင်လာတဲ့ အေစီမီလန်တိုက်စစ်မှူးသစ် မိုရာတာရဲ့ ပုံစံကောင်းတချို့ကိုတော့ မြင်ခဲ့ရပြီး ဒီပွဲမှာလည်း ပွဲထွက်ပါဝင်လာနိုင်ပါတယ်။ ပါးမားက တန်းတက်တွေထဲမှာ မာကျောတဲ့အသင်းဖြစ်ပြီး တိုက် စစ်ကစားပုံလည်း ကောင်းပါတယ်။ ဒါ့အပြင် အိမ်ကွင်းဆိုရင် ပါးမားအသင်း သိသိသာသာ အားကောင်းတတ်ပါတယ်။ (၂) သင်းပေါင်းသွင်းဂိုးများနိုင်ပြီး အေစီမီလန် အလွန်ဆုံးကပ်နိုင်ဖို့ပဲများတယ်။



အူဒီးနီးစ် - လာဇီယို (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် ည ၁၁:၀၀ နာရီ)

လာဇီယိုက အူဒီးနီးစ်နဲ့ တွေ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး (၈)ပွဲ မှာ (၁)ပွဲပဲ ရှုံးခဲ့တယ်။ ဒါပေမဲ့ အဝေးကွင်းပွဲစဉ်တွေမှာ လာဇီယိုရဲ့ ကွင်းတွင်းခြေစွမ်းကို သိပ်မယုံကြည်ရဲသေးဘူး။ သရေကျဖို့များတယ်လို့ ထင်မိတယ်။



အင်တာမီလန် - လက်ချီ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၅ ရက် နံနက် ၁:၁၅ နာရီ)

လက်ရှိချန်ပီယံ အင်တာမီလန်က အဖွင့်ပွဲမှာ (၃)မှတ်ရခဲ့သင့်ပေမဲ့ (၁)မှတ်နဲ့သာ ကျေနပ်ခဲ့ရတယ်။ ဒါပေမဲ့ အင်တာမီလန်ရဲ့ ကစားပုံက အားကောင်းဆဲဖြစ်ပြီး ပြင်သစ်တိုက်စစ်ကစားသမား မားကပ်စ်သူရမ်အနေနဲ့လည်း ဒီရာသီမှာ ပိုအားကိုးလာရနိုင်တယ်လို့ ယူစရပါတယ်။ လက်ချီက အဖွင့်ပွဲမှာတင် အတ္တလန်တာကို ဂိုးပြတ်ရှုံးခဲ့တယ်။ အိမ်ကွင်းမှာ အင်တာမီလန် ဂိုးမိုးရွာလိမ့်မယ်။



မွန်ဇာ - ဂျီနိုအာ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၅ ရက် နံနက် ၁:၁၅ နာရီ)

အဖွင့်ပွဲမှာ (၂)သင်းစလုံး ရမှတ်(၁)မှတ်စီသာရခဲ့ကြတယ်။ ဒါပေမဲ့ ဂျီနိုအာကတော့ ပိုကောင်းတဲ့ ပုံစံကို ပြခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဝေးကွင်းမှာ ကစားရမှာဖြစ်ပေမဲ့ ဂျီနိုအာကို ကြိုက်တယ်။