ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာ ဘဲလေး စားသောက်ဆိုင်အနီးရှိ နေအိမ်တစ်လုံးကို လုံခြုံရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး PDF လေးဦး သေဆုံး

ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာ ဘဲလေး စားသောက်ဆိုင်အနီးရှိ နေအိမ်တစ်လုံးကို လုံခြုံရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး PDF လေးဦး သေဆုံး
Published 22 August 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပြ ကျေးရွာ ဘဲလေးစားသောက်ဆိုင်အနီးရှိ နေအိမ်တစ်လုံးအား  သြဂုတ် ၂၁ ရက် နံနက်ပိုင်းအချိန်က လုံခြုံရေးတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုများဖြစ် ပွားခဲ့ပြီး PDF လေးဦးသေဆုံးခဲ့ကြောင်း ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

သြဂုတ်လ ၂၁ ရက် နံနက် ၉ နာရီခန့်က အဆိုပါ ဘဲလေးစားသောက်ဆိုင်အနီးရှိ နေအိမ်တစ်လုံးအား လုံခြုံရေးတပ်ဖွဲ့မှ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း ထိုစီးနင်းမှုအတွင်း အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြား သည်။

၎င်းင်းကဆက်လက်ပြီး “အဲ့ဒီ စီးနင်းခံရတဲ့ နေအိမ်မှာ PDF တွေရှိနေတယ်ဆိုတဲ့ သတင်း အရ လုံခြုံရေးတပ်ဖွဲ့က ဝင်စီးတာလို့ ပြော ကြတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေထဲမှာ စီးနင်းခံရတဲ့အိမ်က PDF လေးဦး သေဆုံး သွားတယ်လို့ရတယ်”ဟု ပြောကြားသည်။

ထိုသို့ လုံခြုံရေးတပ်ဖွဲ့မှ စီးနင်းပစ်ခတ် မှုကြောင့် အသက် (၂၀) မှ (၃၀) နှစ်အတွင်းရှိ PDF လေးဦး သေဆုံးခဲ့ကြောင်းနှင့် ပစ္စတို သေနတ်သုံးလက်နှင့် ၉-မမ ကျည် ၄၀ တောင့်၊ ကျည်အိမ်လေးခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်း ဆည်းရမိခဲ့သည်ဟု သိရကြောင်း လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

၎င်းင်းကဆက်လက်ပြီး “အဲ့ဒီနေအိမ်မှာ က PDFတွေခိုအောင်းနေတယ်ဆိုတဲ့ သတင်း အရ လုံခြုံရေးတပ်ဖွဲ့က သွားရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲ့ဒီအိမ်ထဲ ကနေ PDF ခုနစ် ယောက်လောက် ထွက်ပြေး လွတ်မြောက်သွားကြတယ်လို့ သိရတယ်”ဟု ပြောကြားသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့မှ နေအိမ်အား ဝင်ရောက်စီး နင်းပစ်ခတ်မှုမှာ ပထမဆုံးအကြိမ်ဖြစ် ကြောင်း သိရသည်။

သြဂုတ်လ ၂၀ ရက်နေ့၊ မွန်းတည့်ချိန် ကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ခိုင်ရွှေဝါကျွဲကောခြံအနီး ရန်ကုန် - မော်လ မြိုင်ကားလမ်းပေါ်တွင် မိနစ် ၂၀ အချိန်ခန့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရ သည်။           

Most Read

Most Recent