တင်းမာမှုမြင့်တက်နေသော အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln နှင့်အတူ တိုက်ခိုက်ရေးသင်္ဘောအုပ်စု ရောက်ရှိလာ

တင်းမာမှုမြင့်တက်နေသော အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln နှင့်အတူ တိုက်ခိုက်ရေးသင်္ဘောအုပ်စု ရောက်ရှိလာ
၂၀၁၉ ခုနှစ် မေလ ၁၇ ရက်တွင် အမေရိကန်ရေတပ်က ထုတ်ပြန်ပေးခဲ့သည့် USS Abraham Lincoln လေယာဉ်တင်သင်္ဘောကို တွေ့ရစဉ်(Photo: AFP)
၂၀၁၉ ခုနှစ် မေလ ၁၇ ရက်တွင် အမေရိကန်ရေတပ်က ထုတ်ပြန်ပေးခဲ့သည့် USS Abraham Lincoln လေယာဉ်တင်သင်္ဘောကို တွေ့ရစဉ်(Photo: AFP)
Published 22 August 2024

အမေရိကန်လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် တစ်ပါတည်းပါလာသော ဖျက်သင်္ဘောများနှင့်အတူ အရှေ့အလယ်ပိုင်းကို ရောက်ရှိလာပြီဟု သြဂုတ်  ၂၁ ရက်တွင် အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

လေယာဉ်တင်သင်္ဘောပါဝင်သော တိုက်ခိုက်ရေးသင်္ဘောအုပ်စု အရှေ့အလယ်ပိုင်းသို့ မြန်မြန်သွားရန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ညွှန်ကြားခဲ့ပြီးနောက်  USS Abraham Lincoln လေယာဉ်တင် သင်္ဘောဦးဆောင်သော တိုက်ခိုက်ရေးသင်္ဘောအုပ်စုသည် အရှေ့အပိုင်းကို ရောက်ရှိလာခြင်းဖြစ်သည်။

ဟားမာ့စ်ခေါင်းဆောင်နှင့် ဟစ်ဇဘိုလာတပ်မှူးကြီးတို့ကို အစ္စရေးက လုပ်ကြံသည်ဟု အီရန်နှင့်အီရန်၏လက်ဝေခံအုပ်စုများက ပြောကြားခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းတွင် ဒေသတွင်း ပဋိပက္ခဖြစ်ပွားမည့် စိုးရိမ်မှုများတိုးလာချိန်၌ USS Abraham Lincoln လေ ယာဉ်တင်သင်္ဘောရောက်လာခြင်းကြောင့် ယခုအခါ အရှေ့အလယ်ပိုင်းတွင် အမေရိ ကန်လေယာဉ်တင်သင်္ဘောနှစ်စီးရှိလာပြီဖြစ်သည်။ ယာယီအားဖြင့် USS Abraham Lincoln သည် USS Theodore Roosevelt နေရာကို အစားထိုးဝင်မည်ဖြစ်သည်။

“အက်ဖ်-၃၅ စီ တိုက်လေယာဉ်တွေနဲ့ F/A18 Block III တိုက်လေယာဉ်တွေပါဝင်တဲ့ USS Abraham Lincoln ဟာ အမေရိကန်ဗဟိုကွပ်ကဲရေးဌာန(USCETNCOM)တာဝန်ယူထားတဲ့ ဒေသထဲကိုဝင်ရောက် လာခဲ့ပါတယ်”ဟု အရှေ့အလယ်ပိုင်းဒေသအတွက်တာဝန်ယူထားသော စစ်ရေးကွပ်ကဲမှုဌာနက ဆိုရှယ်မီဒီယာတွင် ဖော်ပြခဲ့သည်။

“လေယာဉ်တင်သင်္ဘောပါဝင်တဲ့ တိုက်ခိုက်ရေးအုပ်စု အမှတ်သုံးကို ဦးဆောင်တဲ့ USS Abraham Lincoln လေယာဉ်တင်သင်္ဘောနဲ့အတူ ဖျက်သင်္ဘောအုပ်စု အမှတ် ၂၁ နဲ့ Carrier Air Wing(CVW)9 တို့လည်း ပါဝင်လာပါတယ်”ဟု ဖြည့်စွက်ဖော်ပြခဲ့သည်။

မြင့်တက်လာသော တင်းမာမှုများကြောင့် ဒေသဆိုင်ရာစစ်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေရချိန်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က လေယာဉ်တင်သင်္ဘောပါဝင်သော တိုက်ခိုက်ရေးသင်္ဘောအုပ်စု  အရှေ့အလယ်ပိုင်းကို မြန်မြန်ရောက်လာစေရန် သြဂုတ် ၁၁ ရက်ကတည်းက ညွှန်ကြားခဲ့သည်။

ဟားမာ့စ် နိုင်ငံရေးဆိုင်ရာအကြီးအကဲ အစ္စမေးလ်ဟာနီယက်နှင့် ဟစ်ဇဘိုလာတပ်မှူးကြီး ဖူအက်ရှုခါတို့ လွန်ခဲ့သောလတွင် လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ အီရန်နှင့် လက်ဘနွန်၏ဟစ်ဇဘိုလာအုပ်စုတို့က လက်စားချေမည်ဟု ပြောကြားခဲ့ကြပြီးနောက် အမေရိကန်က လေယာဉ်တင်သင်္ဘောပါသော တိုက်ခိုက်ရေး သင်္ဘောအုပ်စုအရှေ့ အလယ်ပိုင်းကို အမြန်လာရန်ညွှန်ကြားခြင်းမှာအမေရိကန်၏ အဓိကမဟာမိတ်အစ္စရေး အတွက် ထောက်ခံကြောင်းပြသမှုဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက်နေချိန်တွင် အစ္စရေးနှင့် ဒေသတွင်း အမေရိကန်အမှုထမ်းများကိို ကာကွယ်ရန် ထိုဒေသသို့ စစ်လေယာဉ်များနှင့် တိုက်လေယာဉ်များ ပိုမိုဖြန့်ကြက်ချထားပြီး အမေရိကန်၏ စစ်အင်အားကို မြှင့်တင်သွားမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ယခု လေယာဉ်တင်သင်္ဘောရောက်လာခြင်းဖြစ်သည်။                                       

Ref: AFP

Most Read

Most Recent