ကော့ကရိတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အာရှလမ်းသစ်မှ မော်တော်ယာဉ်များ သွားလာခြင်း ပိတ်ထားခဲ့သည်မှာ ကိုးလခန့်ကြာမြင့်ခဲ့ပြီး လမ်းကြမ်းများမှ သွားလာနေရခြင်းကြောင့် မြဝတီ-မော်လမြိုင်ခရီး သုံးရက်ခန့်ကြာကြောင်း သိရ

ကော့ကရိတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အာရှလမ်းသစ်မှ မော်တော်ယာဉ်များ သွားလာခြင်း ပိတ်ထားခဲ့သည်မှာ ကိုးလခန့်ကြာမြင့်ခဲ့ပြီး လမ်းကြမ်းများမှ သွားလာနေရခြင်းကြောင့် မြဝတီ-မော်လမြိုင်ခရီး သုံးရက်ခန့်ကြာကြောင်း သိရ
Published 22 August 2024

ကော့ကရိတ် ပတ်ဝန်းကျင်တွင်ဖြစ်ပွား ခဲ့သောတိုက်ပွဲကြောင့် အာရှလမ်းသစ်မှ မော်တော်ယာဉ်များ ခရီးသွားလာခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ၁ရက်နေ့မှစ၍ ပိတ်ထားခဲ့ သည်မှာ ယခုအခါ ကိုးလခန့်ကြာမြင့် ခဲ့ပြီဖြစ်ကြောင်း၊ လမ်းကောင်းရှိလျက် တောလမ်းများမှသွားနေရခြင်းမှာ ယာဉ်မောင်းများနှင့်ခရီး သွားများအတွက် များစွာနစ်နာကြောင်း ယာဉ်မောင်တစ်ဦးက ပြောကြားသည်။

ကောင်းမွန်သည့်အာရှလမ်းသစ်ရှိ လျက်နှင့် လမ်းကြမ်း  (တောလမ်း)မှ သွားလာ နေရခြင်းကြောင့် ခရီးလမ်း ကြန့်ကြာကာ မြဝတီ-မော်လမြိုင်ခရီးကို သုံးရက်ခန့် ကြာ နေ ကြောင်း ယာဉ်မောင်းများထံမှသိရသည်။

မြဝတီ-မော်လမြိုင် ယာဉ်ငယ်မောင်းသူ တစ်ဦးက “ နွေတုန်းက ထို့ကော်ကိုးလမ်း၊ ကြက် ဥတောင်လမ်း၊ ၁၀၁၈ လမ်းကသွားလာ ကြရပေမဲ့ မိုးရာသီမှာသွားလာရအဆင်မပြေ ဘူး။လမ်းဟောင်းကသွားရပေမဲ့ အောက်ဗိုလ် တဲ ရောက်တော့ ကော့ကရိတ်မြို့ထဲ မဝင်ရ ဘူး။ မြပတိုင်ရွာလမ်းဘက်ကသွားရ တယ်။ ရွာ လမ်းဆိုတော့ လမ်းကျဉ်းတယ်၊ လမ်းဆိုး တယ် တစ်ရက်ခရီးကို  နှစ်ညအိပ် သုံးရက်ခရီး သွား နေ ရ တယ်။လမ်းမှာပေးရတဲ့ အကောက် တွေလည်းများ၊ ခရီးသည်တွေလည်း ဒုက္ခ ရောက် တာပေါ့၊ တချို့ကားတွေကတော့ ထို့ ကော် ကိုးဘက်ကနေသွားနေကြတယ်။ကား ကြီးသွားဖို့ အဆင်မပြေဘူး၊ လမ်းဟောင်း ဘက်မှာ ကားကြီးတွေလာပိတ်နေတယ် “ဟု ပြောကြားသည်။

တစ်နာရီခန့်သာ မောင်းနှင်ရသော  အာရှလမ်းသစ်မှ ယာဉ်အသွားအလာ ပိတ် ထားခြင်းကြောင့် ကုန်သွယ်ယာဉ်များနှင့် ခရီးသွားကားများမှာ ဒေါနတောင်ကျော် လမ်းကြမ်းများမှ သွားလာနေကြရသော်လည်း လမ်းခရီးနှောင့်နှေးခြင်း၊ဂိတ်ကြေးများခြင်း၊ မော်တော်ယာဉ်များ ပျက်စီးခြင်းတို့ ကြောင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်အသက်ဝင် လာစေရန်နှင့် ခရီးသွားပြည်သူများ အဆင် ပြေ ချောမွတ်စေရန် မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်အာရှလမ်းသစ်မှ သွားလာ ခွင့်ရရန် မျှော်လင့်နေကြကြောင်း ဒေသခံ များထံမှ သိရသည်။

Most Read

Most Recent