ဘရာဇီးလ်အမျိုးသမီးတိုက်စစ်မှူး မာတာ လိင်တူချစ်သူနှင့် စေ့စပ်

ဘရာဇီးလ်အမျိုးသမီးတိုက်စစ်မှူး မာတာ လိင်တူချစ်သူနှင့် စေ့စပ်
Photo: X
Photo: X
Published 22 August 2024

ဘရာဇီးလ်ဝါရင့်အမျိုးသမီးတိုက်စစ်မှူးဖြစ်သူ မာတာသည် လိင်တူချစ်သူနှင့် လက်ရှိကလပ် အော်လန်ဒိုပိုင်းရိတ်စ်အသင်းဖော်လည်းဖြစ်သည့် ကာရီလောရန့်နှင့် စေ့စပ်ခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် ပျော်ပွဲစားခရီးစဉ်တစ်ခု ထွက်ရှိစဉ်အတွင်း မာတာက လောရန့်အား လက်ထပ်ခွင့်တောင်းခံခဲ့ခြင်းလည်းဖြစ်သည်။

မာတာနှင့် လောရန့်သည် ၂၀၂၂ ခုနှစ်ကတည်းက လက်တွဲခဲ့ကြပြီး ၎င်းတို့ နှစ်ဦး၏ စေ့စပ်ပွဲကို Instagram တွင် ဓာတ်ပုံများတင်ရှိကာ ပရိသတ်ကို အသိပေးခဲ့ကြသည်။

မာတာ (၃၈ နှစ်)သည် အော်လန်ဒိုပိုင်းရိတ်စ်အသင်းသို့ ၂၀၁၇ ခုနှစ်ကတည်းက ရောက်ရှိလာပြီး လောရန့်(၂၇ နှစ်)မှာမူ လွန်ခဲ့သည့်သုံးနှစ်ကမှ ပြောင်းရွှေ့လာခြင်းဖြစ်သည်။

မာတာသည် အစောပိုင်းကလည်း အော်လန်ဒိုပိုင်းရိတ်စ်အသင်းဖော်ဖြစ်သူ တိုနီပရက်စလေနှင့် စေ့စပ်ခဲ့ဖူးပြီး နောက်ပိုင်းတွင် လမ်းခွဲခဲ့ကြာင်း သိရသည်။ 

Most Read

Most Recent