အမေရိကန်ပြည်ထောင်စုသည် ကာမလာဟဲရစ် သမ္မတဖြစ်လာရေးအတွက် အဆင်သင့်ဖြစ်နေသည်ဟု သမ္မတဟောင်း အိုဘားမား ထုတ်ဖော်ပြောကြား

အမေရိကန်ပြည်ထောင်စုသည် ကာမလာဟဲရစ် သမ္မတဖြစ်လာရေးအတွက် အဆင်သင့်ဖြစ်နေသည်ဟု သမ္မတဟောင်း အိုဘားမား ထုတ်ဖော်ပြောကြား
ချီကာဂိုတွင်ကျင်းပသည့် ဒီမိုကရက်တစ်ပါတီ ညီလာခံဒုတိယနေ့တွင် သမ္မတဟောင်းအိုဘားမား ပြောကြားနေပုံကို သြဂုတ် ၂ဝရက်တွင် တွေ့ရစဉ်
ချီကာဂိုတွင်ကျင်းပသည့် ဒီမိုကရက်တစ်ပါတီ ညီလာခံဒုတိယနေ့တွင် သမ္မတဟောင်းအိုဘားမား ပြောကြားနေပုံကို သြဂုတ် ၂ဝရက်တွင် တွေ့ရစဉ်
Published 22 August 2024

မီးရှူးမီးတိုင်ကို ကာမလာဟဲရစ်ထံ လွှဲပြောင်းပေးလိုက်ပြီဖြစ်၍ အမေရိကန်ပြည်ထောင်စုသည် ဟဲရစ် သမ္မတဖြစ်လာရန် အဆင်သင့်ဖြစ်နေပြီဟု ဩဂုတ်  ၂၀ ရက်တွင် ဘာရက်အိုဘားမားက ချီကာဂိုမြို့၌ ရောင်းရင်းဒီမိုကရက်များကို ပြောကြားခဲ့သည်။

ပါတီကိုယ်စားလှယ်လောင်း ရွေးချယ်သည့် ညီလာခံကို လက်ခံကျင်းပသော အားကစားကွင်းထဲတွင် ပြည့်နေသော ပရိသတ်က သမ္မတဟောင်းအိုဘားမားကို လှိုက်လှိုက်လှဲလှဲ လက်ခုပ်သြ ဘာသံများဖြင့် ကြိုဆိုခဲ့သည်။  ဒုတိယသမ္မတဟဲရစ်သည် အမေရိကန်ပြည်သူများအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ဒေါ်နယ်ထရန့်နှင့် ပြိုင်ရမည့် ၎င်း၏နိုဝင်ဘာ ရွေးကောက်ပွဲသည် အန္တရာယ်များသည်ဟု အိုဘားမားက ပြောကြားခဲ့သည်။

“ကာမလာဟဲရစ်ဟာ အလုပ်အတွက် အဆင်သင့်ဖြစ်နေပါတယ်။ ၎င်းဟာစေ့ ဆော်သံလိုအပ်နေတဲ့ ပြည်သူတွေအတွက် တိုက်ပွဲဝင်ရင်း သူ့ဘဝကို ကုန်ဆုံးခဲ့သူဖြစ်ပါတယ်”ဟု သမ္မတဟောင်းက ဆက်လက် ပြောကြားခဲ့သည်။

“ဟဲရစ်ဆိုတာ ခင်ဗျားကို မြင်နေတဲ့သူ၊ ခင်ဗျားရဲ့အသံကို နားထောင်နေတဲ့ သူဖြစ်ပါတယ်။ သူဟာ ခင်ဗျားအတွက် တိုက်ပွဲဝင်ဖို့ နေတိုင်း နိုးထနေသူဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

“ဟုတ်ပါတယ်၊ သူဟာ စွမ်းနိုင်ပါတယ်”ဟု ဟဲရစ်နှင့်ပတ်သတ်၍ အိုဘားမားက ပြောကြားခဲ့ရာ ပရိသတ်သည် အိုဘားမား စည်းရုံးရေးဆင်းခဲ့စဉ်က ဆောင်ပုဒ်ဖြစ်သည့် “ဟုတ်ပါတယ်၊ ငါတို့ စွမ်းနိုင်ပါတယ်”ဟူ သောဆောင်ပုဒ်ကို ကြွေးကြော်ခဲ့သည်။

ထို့အပြင် အိုဘားမား၏ဇနီး မီရှယ်အိုဘားမားကလည်း “ပဥ္စလက်ဆန်ဆန် ဝမ်းမြောက်စရာ တစ်ခုခုကတော့ လေထဲမှာရှိနေပါပြီ”ဟု ညီလာခံကို ပြောကြားခဲ့သည်။

“အဲဒီလေထဲကအရာဟာ ကူးစက်လွယ်တဲ့ မျှော်လင့်ချက် စွမ်းအားဖြစ်ပါတယ်”ဟု မီရှယ်က ပြောကြားခဲ့ပြီး ဟဲရစ်သည် မိမိသဘောကျသော အမျိုးသမီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

“မျှော်လင့်ချက်ဟာ တစ်ကျော့ပြန်လာနေပါပြီ”ဟု ၂၀၀၈ ခုနှစ်တွင် အိုဘားမား စည်းရုံးရေးပွဲများ၌ ပြောခဲ့သော စကားကို မီရှယ်အိုဘားမားက ပြောကြားခဲ့သည်။

ချီကာဂိုမြို့တွင်ကျင်းပသည့် ဒီမိုကရက်တစ်ပါတီညီလာခံတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် နှုတ်ဆက်မိန့်ခွန်းပြောကြားခဲ့ပြီး မီးရှူးတန်ဆောင်ကို ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကာမလာဟဲရစ်ထံလွှဲ ပြောင်းပေးသည်ဟု ပြောကြားခဲ့သည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့်နှင့်ယှဉ်ပြိုင်မည့် ကာမလာဟဲရစ်ကို ထောက်ခံကြရန်လည်း မဲဆန္ဒရှင်ပြည်သူများကို ဘိုင်ဒင်က တိုက်တွန်းခဲ့သည်။

“ကျွန်တော်တို့နိုင်ငံရဲ့အခုမျက်မှောက်သမိုင်းမှာ သူ(ဟဲရစ်)ဟာ မှန်ကန်တဲ့သမ္မတ ဆိုဖြစ်တယ်ဆိုတာ အတိအကျပါပဲ”ဟု သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

ပါတီသည် စည်းလုံးမှုရှိလာပြီး လူထုသဘောထား စစ်တမ်းများတွင် ဟဲရစ်ခိုင် ခိုင်မာမာ နေရာရလာခြင်း နှင့်အတူ ၎င်းတို့က ထရန့်ကို အနိုင်ရနိုင်သည်ဟု ဒီမိုကရက်များက ယုံကြည်လာသည်မှာ ထင်ရှားသည်။

ရွေးကောက်ပွဲမှာ ဘိုင်ဒင် မထွက်မီအထိ ရီပတ်ဘလီကင်သမ္မတလောင်းထရန့်က နိုဝင်ဘာရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု ရေပန်းစားခဲ့သည်။                       

Ref:AFP

 

Most Read

Most Recent