ယခုရာသီမှာ မေဆန်မောင့်အတွက် အဆုံးအဖြတ်ရာသီဖြစ်ပြီး သတ္တိရှိရှိကစားရန် ဘာဘာတော့ဗ် တိုက်တွန်း

ယခုရာသီမှာ မေဆန်မောင့်အတွက် အဆုံးအဖြတ်ရာသီဖြစ်ပြီး သတ္တိရှိရှိကစားရန် ဘာဘာတော့ဗ် တိုက်တွန်း
Photo : Getty Images
Photo : Getty Images
Published 22 August 2024

မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ယခုရာသီမှာ မန်ယူကွင်းလယ်ကစားသမား မေဆန်မောင့်အတွက် အဆုံးအဖြတ်ရာသီဖြစ်ပြီး သတ္တိရှိရှိကစားရန် တိုက်တွန်းပြောကြားခဲ့သည်။

အသက် (၂၅)နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန်မောင့်သည် ၂၀၂၃ နွေရာသီတွင် ချယ်လ်ဆီးအသင်းမှ မန်ယူအသင်းထံသို့ ပေါင်သန်း (၆၀) ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

သို့သော် ၎င်း၏မန်ယူကစားသမားဘ၀ ပထမရာသီမှာ ဒဏ်ရာပြဿနာများနှင့် ခြေစွမ်းမတည်ငြိမ်ခြင်းကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

မေဆန်မောင့်အနေဖြင့် ပြီးခဲ့သည့်ရာသီက ရုန်းကန်ခဲ့ရသော်လည်း ယခုရာသီတွင် ခြေစွမ်းပြနိုင်လိမ့်မည်ဟု ဘာဘာတော့ဗ်က ယုံကြည်နေပြီး ၎င်းအား သတ္တိရှိရှိကစားရန် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

"မေဆန်မောင့်ဟာ မန်ယူအသင်းမှာ ကစားသမားသစ်ဖြစ်ပြီး သူ့အနေနဲ့ တာဝန်ယူစရာမလိုဘူးဆိုတာကို သိထားစေချင်ပါတယ်။ ဒီရာသီက သူ့အတွက် မန်ယူကစားသမားဘ၀ ဒုတိယမြောက်ရာသီဖြစ်ပြီး ခြေစွမ်းပြနိုင်ဖို့ လိုအပ်နေပါတယ်။ ဒီရာသီက မေဆန်မောင့်ရဲ့ မန်ယူကစားသမားဘဝကို အဆုံးအဖြတ်ပေးမယ့်ရာသီ ဖြစ်ပါတယ်။ ဒီတော့ သူသတ္တိရှိဖို့လိုပါတယ်။ အခွင့်အရေးတွေကို ရယူပြီး စွန့်စားမှုတွေ လုပ်ရပါမယ်။ သူ့မှာ အစွမ်းအစ ရှိပြီးသားပါ။ ဒီတော့ မေဆန် ... မင်း ကြောက်မနေနဲ့"ဟု ဘာဘာတော့ဗ်က ပြောကြားခဲ့သည်။ 

Most Read

Most Recent