FPNCC စုဖွဲ့မှုသည် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု အားနည်းနေပြီး ကိုယ့်အဖွဲ့အစည်းအကျိုးအတွက်သာ ရှေ့တန်းတင်လှုပ်ရှားဆောင်ရွက်နေဟု SSPP ဆို

FPNCC စုဖွဲ့မှုသည် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု အားနည်းနေပြီး ကိုယ့်အဖွဲ့အစည်းအကျိုးအတွက်သာ ရှေ့တန်းတင်လှုပ်ရှားဆောင်ရွက်နေဟု SSPP ဆို
Published 17 August 2024

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) သည် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု အားနည်းနေပြီး ကိုယ့်အဖွဲ့အစည်း အကျိုးအတွက်သာ ရှေ့တန်းတင်လှုပ်ရှားဆောင်ရွက်နေသည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် လက် နက်ကိုင်တပ်ဖွဲ့ (SSPP/SSA) က ပြောကြား သည်။

SSPP ၏ ၅၃ နှစ်တာ တော်လှန်ရေးခရီးမှတ်တမ်းဟူသော စာတမ်းကို SSPP/SSA ၏ သတင်းနှင့်ပြန်ကြားရေးဌာနတစ်ခုဖြစ်သည့် SSPP info facebook page တွင် သြဂုတ် ၁၆ ရက်က ဖော်ပြခဲ့ပြီး အဆိုပါ တော်လှန်ရေးခရီးမှတ်တမ်းတွင် SSPP/SSA က FPNCC နှင့်ပတ်သက်၍ အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

“တပ်ပေါင်းစု စုဖွဲ့မှုအနေဖြင့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးမှုကော်မတီ (FPNCC) မှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ ပါတယ်။ ဒါပေမဲ့ အားမနာတမ်း သုံးသပ်ကြည့် ရမယ်ဆိုရင် အဲဒီစုဖွဲ့မှုဟာ ပီပီပြင်ပြင် တာ ဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတွေ အားနည်းနေပြီး ကိုယ့်အဖွဲ့အစည်းအကျိုး အတွက်ကိုပဲ ရှေ့တန်းတင် လှုပ်ရှားဆောင် ရွက်နေခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်”ဟု SSPP/SSA ၏ တော်လှန်ရေးခရီးမှတ်တမ်း တွင် ဖော်ပြထားသည်။ 

“SSPP ဟာ ပါတီ၊ စစ်တပ်၊ တပ်ပေါင်း စုဆိုသည့် အမြုတေသုံးခုကို ကိုင်စွဲလာခဲ့တဲ့ အတိုင်း တပ်ပေါင်းစုနဲ့သာ အောင်ပွဲခံလိမ့် မယ်လို့ ယုံကြည်ခဲ့တဲ့အလျောက် တပ်ပေါင်း စုအရေးကို အလေးထားဆောင်ရွက်ခဲ့ပါတယ် ။ ဒါပေမဲ့ မျှော်လင့်ထားသလောက် မတိုးနိုင် ဘဲ လျစ်လျူရှုခြင်းဖြင့်သာ ဆုလာဘ်တစ်ခု အဖြစ် မှတ်ယူရသလိုုလို ဖြစ်နေတာပါ”ဟု လည်း SSPP/SSA ၏ တော်လှန်ရေးခရီးမှတ် တမ်းတွင် ဖော်ပြထားသည်။     

SSPP/SSA အနေဖြင့် အပြန်အလှန် လေးစားအသိအမှတ်ပြုမှု၊ အပြန်အလှန် ရိုင်း ပင်းကူညီမှု၊ တစ်ဖွဲ့၏ အတွင်းရေး (သို့မဟုတ် ) တစ်ဖွဲ့၏ အုပ်ချုပ်ရေးနယ်မြေကို ကျူးကျော် ဝင်ရောက်မှုမပြုရေး၊ ပြဿနာရှိပါက တွေ့ဆုံ ဆွေးနွေးရေးနည်းဖြင့် အဖြေရှာရေး၊ စစ်ရေး နည်းဖြင့် မဖြေရှင်းရေး၊ တော်လှန်ရေးသစ္စာ စောင့်သိရေး၊ ရဲဘော်ရဲဘက်စိတ်ဓာတ် ထား ရှိရေး၊ လူမျိုးဘာသာ ခွဲခြားမှုမရှိရေး၊ တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး စသည့် တပ်ပေါင်းစုအခြေခံမူများကို အမြဲတစေ တန်ဖိုးထားဆောင်ရွက်ခဲ့သည်ကို သမိုင်းအ ဖြစ် သက်သေထူခဲ့ပြီဖြစ်ကြောင်း အဆိုပါ မှတ်တမ်းတွင် ဖော်ပြထားသည်။

FPNCC ကို “၀” တပ်ဖွဲ့ (UWSA)၊ ကချင်တပ်ဖွဲ့ (KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ တအာင်းတပ်ဖွဲ့ (TNLA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ဖြင့် ဖွဲ့ စည်းထားခြင်းဖြစ်သည်။

Most Read

Most Recent