■ ဘာစီလိုနာနှင့် အက်သလက်တီကိုတို့၏ လာလီဂါပွဲကို အမေရိကန်တွင် ယှဉ်ပြိုင်ဖွယ်ရှိ     

■ ဘာစီလိုနာနှင့် အက်သလက်တီကိုတို့၏ လာလီဂါပွဲကို အမေရိကန်တွင် ယှဉ်ပြိုင်ဖွယ်ရှိ     
Photo: Getty Images
Photo: Getty Images
Published 16 August 2024

ယခုရာသီတွင် ယှဉ်ပြိုင်ကစားမည့် ဘာစီလိုနာနှင့် အက်သလက်တီကိုတို့၏ လာလီဂါပွဲကို အမေရိကန်နိုင်ငံတွင် ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သိရသည်။ 

လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်သည် လာလီဂါပွဲစဉ်အချို့ကို အမေရိကန်နိုင်ငံတွင် ယှဉ်ပြိုင်သွားစေရန် ဆန္ဒရှိနေသူဖြစ်ပြီး ၂၀၁၈ ခုနှစ်ကတည်းက အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ဖူးသည်။ 

သို့သော် FIFA နှင့် အမေရိကန်ဘောလုံးအဖွဲ့ချုပ်တို့က ကန့်ကွက်ခဲ့သဖြင့် ပျက်ပြယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တီဘက်စ်သည် ယခုအခါ ၂၀၂၄-၂၅ ရာသီ လာလီဂါပြိုင်ပွဲမှ ပွဲစဉ်အချို့ကို ကျင်းပရန် ထပ်မံစီစဉ်လာခြင်းဖြစ်သည်။ 

ပြိုင်ပွဲဝင်အသင်းများ၏ ဆန္ဒသဘောထားအရ ဒီဇင်ဘာတွင် ယှဉ်ပြိုင်မည့် ဘာစီလိုနာ-အက်သလက်တီကိုပွဲမှာ ပထမဆုံးဖြစ်လာဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent